ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 15, 2014

ရင်ခွင်းဟောင်း ရဲ့ ငိုရှိုက်သံ

ရင်ခွင်းဟောင်း ရဲ့ ငိုရှိုက်သံ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

မောင် ရေ
သခင် မရှိတော့မှ 
ရင်ခွင်ထဲက မြို့ကလေးဟာ
ပူလောင်လွန်းတဲ့ ကန္တာရလို
ခြောက်သွေ့လွန်းတယ် ။

မောင် ရေ
မဝေးသော အတိတ်က
သည် အရိပ်ကလေးဟာ
ချိုမြိန်တဲ့ ချစ်ခြင်း ရယ်
လှပတဲ့ အိုအေစစ်တွေနဲ့
ပျော်ရွှင်စရာ ပုံပြင်တစ်ပုဒ်ကို
ပိုင်ဆိုင်ခဲ့ဖူးမှာပါ ။

ခုတော့ မောင် ရယ်
ပြန်သွားပါလို့ မနှင်ရက်သလို
လက်ကမ်းလို့လည်း မကြိုခဲ့တဲ့
ကျွန်မ ရင်ခွင်ဟောင်းမှာ
မောင် ပျော်သလောက် နေလည်း
ကျွန်မ ကျေနပ်မိပါတယ် မောင် ။

မောင် မရှိပေမယ့်
အားငယ်တတ်သူ တစ်ယောက်ကိုမှ
စာနာတတ်သူ တစ်ယောက်ဆိုရင်
ရင်ခွင်ဟောင်း ရဲ့ ငိုရှိုက်သံတွေကို
မောင် တစ်ယောက်ကြားသိပါစေလို့
ဆု တွေ အကြိမ်ကြိမ် တောင်းရင်း .......

No comments:

Post a Comment