---------------
သြော်
လေနှောက်ကာ နွေရောက်ပါပေါ့
ငုငါတွေက တစီစီ
ပိတောက်တွေက တရီရီ
နွေအကြို ရွှေသြဥက
ဖိုမသံ တညံညံပေးလို့
နွေသရုပ်ကိုဖြင့်
သူတို့တွေက ကြိုကြပြီ
သည် လကို မောင် မရောက်ခြင်ဘု
စိမ်းလေသူ မြလွှာအသဲရယ်ကြောင့်
ဘဝနာ အတိတ်သမိုင်းတွေက
သင်္ကြန်မိုးနဲ့ ရွာတော့မယ်
အတွေးတွေက လေမှာနှင်
မောင့်ရင်ခွင် မိုးထက်ချုန်းပြီမို့
အ ချစ် ရယ်
မင်း လေ ခဏလေးသာ ချစ်ခဲ့တယ်

No comments:
Post a Comment