ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, June 26, 2014

ရည်စားများတာအပြစ်လား မောင်


ရည်စားများတာအပြစ်လား မောင်
))))))))))))))))))))))))))))))))
Photo: ရည်စားများတာအပြစ်လား မောင်
))))))))))))))))))))))))))))))))

ဟအင်း
ကျွန်မ ရီးစားမများချင်ပါဘူး မောင်

သစ္စာကိုယုံ မေတ္တာကိုပုံလို့
တစ်သက်မှာ တစ်ယောက်ထဲ
ချစ်ချင်ခဲ့တာပ မောင် ရယ် ....

သစ္စာတွေမွဲ မေတ္တာတွေနည်းကြလို့
တစ်ယောက်မကောင်း တစ်ယောက်ပြောင်းရင်း
အိမ်မက်ဆန်ဆန် အချစ်စစ်ကိုမှ
တမ်းတမ်းတတ ရှာဖွေခဲ့မိတာ မောင် ....

ကျွန်မက မိန်းမသားပါလေ
အိုင်တွေးတိုင်း ခြေဆေးရရင် 
ကျွန်မ မိန်းမပျက်ဖြစ်သွားမှာပေါ့
ဘဝ ဆိုကိုလည်း သိ
ခဏ ဆိုတာကိုလည်း သိပေမယ့်
လိုချင်မိတာက နှလုံးသားက
မေတ္တာစစ်စစ်ပါ မောင် ...

ကံ ကိုပုံရင်း ဆူးချုံတွေလည်း
ကျွန်မ မနင်းရဲပါဘူး လေ
ဗုဒ္ဓဟောကြား မြတ်တရားနဲ့
လိမ္မာယဉ်ကျေး မြန်မာမလေးမို့
ချစ်တာသိရင် သစ္စာရှိပါစေ
ကျွန်မလေ
တစ်ယောက်ထဲပဲ ချစ်မဲ့သူပါ မောင် ...

(ချစ်ရသူလှိုင်မင်း)
ဟအင်း
ကျွန်မ ရီးစားမများချင်ပါဘူး မောင်

သစ္စာကိုယုံ မေတ္တာကိုပုံလို့
တစ်သက်မှာ တစ်ယောက်ထဲ
ချစ်ချင်ခဲ့တာပ မောင် ရယ် ....

သစ္စာတွေမွဲ မေတ္တာတွေနည်းကြလို့
တစ်ယောက်မကောင်း တစ်ယောက်ပြောင်းရင်း
အိမ်မက်ဆန်ဆန် အချစ်စစ်ကိုမှ
တမ်းတမ်းတတ ရှာဖွေခဲ့မိတာ မောင် ....

ကျွန်မက မိန်းမသားပါလေ
အိုင်တွေးတိုင်း ခြေဆေးရရင် 
ကျွန်မ မိန်းမပျက်ဖြစ်သွားမှာပေါ့
ဘဝ ဆိုကိုလည်း သိ
ခဏ ဆိုတာကိုလည်း သိပေမယ့်
လိုချင်မိတာက နှလုံးသားက
မေတ္တာစစ်စစ်ပါ မောင် ...

ကံ ကိုပုံရင်း ဆူးချုံတွေလည်း
ကျွန်မ မနင်းရဲပါဘူး လေ
ဗုဒ္ဓဟောကြား မြတ်တရားနဲ့
လိမ္မာယဉ်ကျေး မြန်မာမလေးမို့
ချစ်တာသိရင် သစ္စာရှိပါစေ
ကျွန်မလေ
တစ်ယောက်ထဲပဲ ချစ်မဲ့သူပါ မောင် ...

No comments:

Post a Comment