ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

သံယောဇဉ် ညီမလေး သို့


သံယောဇဉ် ညီမလေး သို့
*****************

သံယောဇဉ် 
ခြေရာကလေးတွေကြောင့်
ပြန်တွေးရင် ဝေဒနာ မြစ်ကလေးတွေတော့
ဖြစ်ရော့မယ် ညီမလေးရယ် .....

မလွှဲသာ 
ခဏတာ ခွဲခွာခဲ့ရပေမယ့်
တစ်နေ့တစ်ရက်မှ
မမေ့ရက်ပါဘူး ညီမလေးရယ် .....

ခင်မင်မှုတွေ အခြေတည်
သန္ဓေတည်ကာ ဖြစ်လာတာက 
သမုဒယဆိုတဲ့ ချစ်ခြင်းတရားပေါ့

အကြည့်ချင်းဆုံ ရင်တွေခုန်ခုန်း
ဖြစ်တည်လာခဲ့တာလည်း အချစ်ပေါ့

သောတအသံလေး ကြားစဉ်လေးလည်း
ခိုင်မာနှောင်ရစ် အချစ်ဖြစ်သတဲ့

ဘာကြောင့်ဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ်ပေါ့
ညီမလေးရေ
တို့နှစ်ကိုယ် ရေမြေတွေ ခြားလို့နေလည်း
မပွင့်လင်းခြင်းအစ သံသယ ရယ်
မတည်မြဲခြင်းအစ မာန ရယ်
နားလည်မှု့မရှိခြင်းအစ အတ္တ ရယ်ကို
ကောင်းစွာ သိမြင်မိမယ်ဆိုရင်တော့
သေခြာတယ် ညီမလေး ရေ
ကံကြမ္မာ ထုံမွှေ့ပါတဲ့ 
သံသရာ ဘုံတစ်ကွေက
ရှေ့ရေစက်ပါပဲ ညီမလေးရယ် ....

No comments:

Post a Comment