ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, June 26, 2014

ချစ်ပါရစေ ငယ်

ချစ်ပါရစေ ငယ်
***********


Photo: ချစ်ပါရစေ ငယ်
*************

ချစ်ပါရစေတော့လား ငယ်
မောင့် မေတ္တာအနန္တတွေကိုဖြင့်
သိကြားစေ သက်သေညွှန်းရင်း
ဖွင့်ဟခြွေ ကဗျာတစ်ပုဒ်နဲ့ပေါ့ကွယ် ....

တို့နှစ်ကိုယ် အပြင်မှာ 
မဆုံကြ သေးပေမယ့်
ရေမြေတွေ စည်းကာခြားလို့
အွန်လိုင်းဆိုပြီ အချစ်မစစ်ဘူးတော့
မထင်လိုက်ပါနဲ့လား ချစ်သော ငယ် ....

ကံကြမ္မာက ဆိုးတယ်ပဲပြောရမှာပေါ့
ရင်ကိုယ်ရင်ခြင်း ရင်းတဲ့ပွဲမှာ
အကြိမ်ကြိမ် ကျရှုံးနေတဲ့ လူသားနဲ့
နှလုံးသားတွေ ထပ်တူမျှခဲ့လေသလား 
သစ္စာမရှိသူတို့ရဲ့ ထားခဲ့ခြင်းမှာ
ငယ် နဲ့ မောင် က ကံဆိုးမသွားရာ
မိုးတွေပင် လိုက်ရွာခဲ့လေသလား
မချစ်ဖူးသူလိုပဲ ဆိုဆို အချစ်ရူးတယ်ပဲပြောပြော
ငယ် သာလျှင် မောင့် ဘဝကိုနားလည်သူမို့
ငယ် မကြိုက်တဲ့ နာမ်စားကိုလည်း မသုံးတော့ပါဘူး ....

ပွင့်လင်းစွာ ရင်ဖွင့်ခြင်ပေမယ့်
ဇတ်လမ်းတွေ ရူပ်မှာဆိုးလို့
ဝေဒနာတွေ ရင်မှာတင်းခါ
မဖြေသာ ဒဏ်ရာအလွမ်းတွေနဲ့
ကဗျာတွေသာ စမ်း ဆိုပြီး ဖြေသိမ့်နေသူပါ ....

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့လား ကွယ်
သြော်
စာနာစွာ ဖေးကူးချင်ပေမယ့်
မောင့် ဘဝကို မဝင့်ဆန့်ဘူးတဲ့လား
အေးမြတဲ့အဆင်း နွေးထွေးတဲ့အလင်းတွေနဲ့
နားလည်စွာ စာနာပေးသူကလည်း
မီးအိမ်ရှင်မလေး ငယ် တစ်ယောက်ထဲပါလေ ....

ကျန်ခဲ့သူလည်း လွမ်း ရတယ်
ချန်ခဲ့သူလည်း လွမ်း ရတယ် ငယ်
ပြန်ခံနီးရယ်မှ ဝေဒနာတွေနဲ့
အရူးတစ်ယောက်နှယ် ကျန်စေတော့ရယ်လို့
ငယ် ရင်ကို အပူမီးတွေဝိုင်းအောင်လည်း
မောင် မပေး ...... မပေးရက်ပါကွယ် ....

ဝသုန်မြေကို သက်သေပြုရင်း
ရေမြေတွေ ဘယ်လောက်ခြားခြား
နယ်မြေတွေ ဘယ်လောက်ဝေးဝေးပေါ့
ငယ် ဆီရာ ဌာနေစခန်းဆီသို့
မြန်းမကြာ မောင် လှမ်းလို့လာပါမယ်
နှလုံးသားချင်း နီးနေလျှက်နဲ့တော့
မောင်တို့တွေ မဝေးပါရစေနဲ့လား ငယ်
ချစ်တာသိလို သစ္စာရှိသူခြင်းဆုံတွေပွဲမှာ
ဘယ်ကြမ္မာ ကျိန်စာဆိုးက စည်းကာခြားမလဲ
စိတ်ချပါ ငယ် 
နှစ်လွှာပေါင်းမှ တစ်ရွက်ဆွယ်တော်နှယ်
ဘဝတွေပုံလို မောင့် အသက်ပေးဆပ်ရင်း
ထာဝရအဖော်အဖြစ်သာ ချစ်ပါရစေတော့
မောင် အရမ်းချစ်တဲ့ ချစ်သော ငယ် .....

(ချစ်ရသူလှိုင်မင်း)

ချစ်ပါရစေတော့လား ငယ်
မောင့် မေတ္တာအနန္တတွေကိုဖြင့်
သိကြားစေ သက်သေညွှန်းရင်း

ဖွင့်ဟခြွေ ကဗျာတစ်ပုဒ်နဲ့ပေါ့ကွယ် ....

တို့နှစ်ကိုယ် အပြင်မှာ
မဆုံကြ သေးပေမယ့်
ရေမြေတွေ စည်းကာခြားလို့
အွန်လိုင်းဆိုပြီ အချစ်မစစ်ဘူးတော့
မထင်လိုက်ပါနဲ့လား ချစ်သော ငယ် ....

ကံကြမ္မာက ဆိုးတယ်ပဲပြောရမှာပေါ့
ရင်ကိုယ်ရင်ခြင်း ရင်းတဲ့ပွဲမှာ
အကြိမ်ကြိမ် ကျရှုံးနေတဲ့ လူသားနဲ့
နှလုံးသားတွေ ထပ်တူမျှခဲ့လေသလား
သစ္စာမရှိသူတို့ရဲ့ ထားခဲ့ခြင်းမှာ
ငယ် နဲ့ မောင် က ကံဆိုးမသွားရာ
မိုးတွေပင် လိုက်ရွာခဲ့လေသလား
မချစ်ဖူးသူလိုပဲ ဆိုဆို အချစ်ရူးတယ်ပဲပြောပြော
ငယ် သာလျှင် မောင့် ဘဝကိုနားလည်သူမို့
ငယ် မကြိုက်တဲ့ နာမ်စားကိုလည်း မသုံးတော့ပါဘူး ....

ပွင့်လင်းစွာ ရင်ဖွင့်ခြင်ပေမယ့်
ဇတ်လမ်းတွေ ရူပ်မှာဆိုးလို့
ဝေဒနာတွေ ရင်မှာတင်းခါ
မဖြေသာ ဒဏ်ရာအလွမ်းတွေနဲ့
ကဗျာတွေသာ စမ်း ဆိုပြီး ဖြေသိမ့်နေသူပါ ....

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့လား ကွယ်
သြော်
စာနာစွာ ဖေးကူးချင်ပေမယ့်
မောင့် ဘဝကို မဝင့်ဆန့်ဘူးတဲ့လား
အေးမြတဲ့အဆင်း နွေးထွေးတဲ့အလင်းတွေနဲ့
နားလည်စွာ စာနာပေးသူကလည်း
မီးအိမ်ရှင်မလေး ငယ် တစ်ယောက်ထဲပါလေ ....

ကျန်ခဲ့သူလည်း လွမ်း ရတယ်
ချန်ခဲ့သူလည်း လွမ်း ရတယ် ငယ်
ပြန်ခံနီးရယ်မှ ဝေဒနာတွေနဲ့
အရူးတစ်ယောက်နှယ် ကျန်စေတော့ရယ်လို့
ငယ် ရင်ကို အပူမီးတွေဝိုင်းအောင်လည်း
မောင် မပေး ...... မပေးရက်ပါကွယ် ....

ဝသုန်မြေကို သက်သေပြုရင်း
ရေမြေတွေ ဘယ်လောက်ခြားခြား
နယ်မြေတွေ ဘယ်လောက်ဝေးဝေးပေါ့
ငယ် ဆီရာ ဌာနေစခန်းဆီသို့
မြန်းမကြာ မောင် လှမ်းလို့လာပါမယ်
နှလုံးသားချင်း နီးနေလျှက်နဲ့တော့
မောင်တို့တွေ မဝေးပါရစေနဲ့လား ငယ်
ချစ်တာသိလို သစ္စာရှိသူခြင်းဆုံတွေပွဲမှာ
ဘယ်ကြမ္မာ ကျိန်စာဆိုးက စည်းကာခြားမလဲ
စိတ်ချပါ ငယ်
နှစ်လွှာပေါင်းမှ တစ်ရွက်စွယ်တော်နှယ်
ဘဝတွေပုံလို မောင့် အသက်ပေးဆပ်ရင်း
ထာဝရအဖော်အဖြစ်သာ ချစ်ပါရစေတော့
မောင် အရမ်းချစ်တဲ့ ချစ်သော ငယ် .....

No comments:

Post a Comment