------------------------
တစ်သက်မှာ
တစ်ခါ အချစ်တွေနဲ့ပါဆိုပြီး
အခက်ဖြာ ရစ်နွယ်ဖူးကာမှ
မင်း ..... မောင့်ကို
အပျော်ချစ်ခဲ့လေသလား နွယ် .....
မဆုံနိင်လို့ ဝေးကြပြီဆိုမှဖြင့်
ကွဲသွားရတဲ့ ငါ့ နှလုံးသားနဲ့
ဝေဒနာ ကဗျာလေးတွေအဖြစ်
ရေးစပ်သီကုံးရင်း ချစ်တယ်ဆိုတဲ့
သည်စကားတွေက ခုချိန်မှာ
မောင့် အတွက်တော့
ပျားလိုလည်း မချိုမြတော့ပါဘူး နွယ် ....
နူးညံတဲ့ အကြင်နာတွေ
ခိုင်မြဲတဲ့ မေတ္တာတွေ
သစ္စာ နဲ့ အရင်းတည်လို့
ယုံကြည်ခြင်းဆိုတဲ့ ကတိတွေက
ခုချိန်မှာ
ဟားတိုက်လို့ လှောင်နေလေရဲ့ နွယ် ....
သံယောဇဉ် ကြီးလှသူမို့
မဖြေသာ ဟိုး ..... ချောက်ကမ်းပါးဆီမှာ
ရူးမတက်အောင် ခံစားရင်း
မင်း နဲ့ ဝေးတဲ့
ကမ္ဘာ တစ်ဘက်ခြမ်းဆီမှ
နှောင်းအတိတ်တွေက
အိမ်မက်သာဖြစ်ခဲ့ပါပြီ နွယ် ။ ။

No comments:
Post a Comment