+++++++

လွမ်းမြေလွှာ တစ်လျှောက်မှာဖြင့်
ပန်းအကြွေတွေပဲ ကောက်ခဲ့လေသလား
အနမ်းခြေရာ တထောက်မှာလည်း
အလွမ်းဝေဒနာ မိုးတွေသည်းလို့
ပန်းခြေရာတွေပဲ ပျောက်ခဲ့လေသလား
အချစ်စစ်ကိုမှ ကျွန်တော် မင်
မေတ္တာစစ်ကိုမှ ရင်မှာ ပျိုး ရင်း
အသွားအပြန်ရှိတယ်ဆိုတဲ့
အလျား အနံ အသိတွေကတော့
ကျွန်တော်နဲ့ အဝေးဆုံးမှာ မင်းမူနေရဲ့
No comments:
Post a Comment