
သိပ် ချစ် တယ် ခင်
**************
အလျား ရယ် အနံ မရှိပေမယ့်
အသွား အပြန် မေတ္တာစစ်တွေက
တစ်ကယ် တစ်ကယ် ရှိခဲ့လေမှတော့
ခင် ရယ်
မောင့် မေတ္တာတွေ အမှန်ပေးပါမယ်
ချစ်ခွင့်လေးတော့ ပေးပါကွယ် ...
ခင် ရေ
မျိုသိပ်ကာ ရင်မှာထားပေမယ့်
တိတ်တခိုးရယ် ဝေဒနာပိုးတွေက
မောင့် ရင်မှာ လာလာ တိုးလေတော့
ဆုတ်ရင်လည်းဆူး စားလည်းရူးမို့
ခင် မှ ခင် ပဲ ရစ် တစ် ဝဲ နဲ့
နေ ည များစွာ ခင့် အပါးပါ ...
ခင် ရေ
ဖွင့်မပြောပေမယ့် သစ္စာတွေပုံပါတဲ့
မောင့် မေတ္တာ အနန္နတွေကိုဖြင့်
သိပ်ချစ်တာတွေ ယုံပေးပေါ့ ခင် .....
တစ်နိင်ငံ ရေမြေခြားပေမယ့်
မောင့် ရင်မှာ အစဉ်စိုးသူမို့
ခင် ရယ်
ရာသက်ဆုံးထိ ချစ်မယ်ကွယ် ....
No comments:
Post a Comment