ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 10, 2014

ရူးချင်ယောင်ပဲ စောင့်လိုက်မယ်



ရူးချင်ယောင်ပဲ စောင့်လိုက်မယ်
-----------------------------------

အမြင်တွေ ကွဲလိုရတယ်
သဘောထားတွေ လွဲလို့ရတယ်

ကျူပ်တိုအားလုံး အမျိုးချစ်တယ်
အမြင်မကျင်းဘူး အသိရှိတယ်
အမှားအမှန်ခွဲခြားဖို့ ခေါင်းတွေရှိတယ်

အမေချစ်တဲ့သားတွေ အဝေးကနေပြီး
အမေ့ အနားမှာရှိတယ်
အမေ့ အနောက်မှာရှိတယ်
ထပ်ပြောမယ် သေခြာတာတစ်ခု
သန်း၆၀ဆယ်မဟုတ်ရင်တောင်
သန်း၅၀ အမေ့နောက်မှာရှိတယ်
ဖင်ပိတ်မငြင်းကြလိုက်လေနဲ့
အတုအယောင်မဟုတ်ခဲ့လေဘူး
အောင်ပင်လယ်မှာ သက်သေထူတယ်
ရန်ကုန်မှာ သက်သေထူတယ်
သာယာဝတီမှာ သက်သေထူတယ်
အမြို့အမြို့အနယ်နယ်မှာ သက်သေထူတယ်
ဒါအမှန်တရား ..

ကျူပ်တို့ ခရိုနီ မဟုတ်ဘူး
အာဏာရှင် မဟုတ်ဘူး
ကြံဖွတ် မဟုတ်ဘူး
nld မဟုတ်ဘူး
ဘာဆို ဘာမှမဟုတ်ဘူးဗျာ
ရိုးရိုးလေးပါပဲ သာမန်လူတန်းစားပေါ့

အမေ့အမှားတစ်ခုကို စောင့်နေလေရဲ့
ကုလားအတွက် စကားတစ်ခွန်းပြောရင်
အမေ့ကို အော်မယ့်သူတွေ အများကြီး
တစ်ခုလေးတော့ မေးလိုက်ချင်ရဲ့ အမေရေ

အာဏာရှိတာ ဘယ်သူပါလဲ
လုပ်ပိုင်ခွင့်ရှိတာ ဘယ်သူပါလဲ
ဗလီဆောက်ခွင့်ပေးတာ ဘယ်သူပါလဲ
သံဃာသတ်တာ ဘယ်သူပါလဲ
ကျောင်းသားသတ်တာ ဘယ်သူပါလဲ
ရွာတွေဖျက်တာ ဘယ်သူပါလဲ
ကျောင်းတွေရွေ့တာ ဘယ်သူပါလဲ
မြစ်တွေရောင်းတာ ဘယ်သူပါလဲ
တောင်တွေဖြိုတာ ဘယ်သူပါလဲ
သစ်တွေရောင်းတာ ဘယ်သူပါလဲ
ကျောက်စိမ်းရောင်းတာ ဘယ်သူပါလဲ
မီးတွေပိုလိုေ၇ာင်းတာ ဘယ်သူပါလဲ
ဘယ်သူပါလဲ ဘယ်သူပါလဲ .......

အော်ဟုတ်ပါရဲ့ ဒါတွေရောင်းပြီး
တိုး တက်လာလိုက်တာတွေများ
တန်ဖိုးနည်းအိမ်ယာက သိန်း၂၀၀ကျော်
မီးတွေကတော့ အဲဗား ပျက်ရက်မရှိ
ကားတွေကလည်း တဝီဝီနဲ့
တော်ပါပြီလေ
ဆက်ပြောရင် ဆက်မောမယ်
နွားပလာတာ ကျွေးရသလို
ကျွဲပါးစောင်းတီတွေမို့
သား ရူးချင်ယောင်ပဲ
စောင့်နေလိုက်မယ် အမေ ...

No comments:

Post a Comment