ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

အသစ်ပြောင်း လိုက်မယ်


အသစ်ပြောင်း လိုက်မယ်
+++++++++++++

ခဏတာ သာယာခြင်းတွေနဲ့
တဏှာတွေ ယစ်မူးခဲ့လေခြင်းလား

မိမာယာ ရယ် ....

သစ္စာမရှိသူသို့
မလွမ်းဘူးတော့ဘူးဆိုသော
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့
ပေတရာ နေပူပူမှာ လမ်းရှောက်နေတုန်း
ကဘေကမ္ဘာက ငါ့ ဖွားဘက်တော်
ဖိနပ်ကလေးက ပြုံးပြုံးကြီး ငါ့ကိုယ်ကြည့်ရင်း
သူ့ကိုယ် သနားပါအုံးလားတဲ့ လေ ...

ဖိနပ်တစ်ရံလောက်တောင်မှ
နင် က တန်ဖိုးမရှိခဲ့လေတော့
ပေးဆပ်ဖူးတဲ့ ချစ်ခြင်းတရားတွေ
စောင့်သည့်ဖူးတဲ့ သစ္စာတွေ
ယုံကြည်စွာနဲ့ နားလည်မှု့တွေက
ခရိုနီတွေ ဝါးမြိုခြင်း ခံလိုက်ရသလိုပဲ
မိမာယာ ရယ် ....

လေပူတစ်ချက်ကို အသာမှုတ်ထုတ်ရင်း
တော်ပါပြီ ဆိုတဲ့ အတွေးတွေနဲ့
အဲဒီနေ့က ငါ လေ
ဖိနပ်အသစ်တရံ ဝယ်လိုက်တယ် ..





No comments:

Post a Comment