ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

င မိုက် သား


င မိုက် သား
--------------

သူ သူ ငါ ငါ
သေ တကာ အများကြားမှာမှ

လူရယ်လို့ ဖြစ်လာသော လူသား .....

ဘဝက မွဲ အသိက နည်း လို့
မာယာတွေ ခြေဆေးတာကိုမှ
ပြုံးပြုံးကြီး အသုံးတော်ခံ
ကျေနပ်ကာ ငိုကြွေးနေတဲ့ လူသား ....

စေတနာတွေ ဖြူစင်ဖွေးပေမယ့်
ဝေသန္နရာ လို မဟုတ်တော့လည်း
အကာတွေ ပေါပါလေတဲ့ လူသား ....

မရှိအတူ ရှိအတူနဲ့
ငယ်ပေါင်းနှယ် သဘောတွေ ထားပေမယ့်
ဆင်းရဲသူ ကိုယ်လိုကောင် မျက်နှာမွဲရယ်မို့
အဖတ်မလုပ်ချင်သူ ပေါလေတဲ့ လူသား ....

အပျော်မချစ် အသစ်မရှာရပါပဲ
မိန်းမယုတ်တွေ ကစားခြင်းကို
သိသိကြီးခံပေးခဲ့ သော လူသား ....

ပြေပါစေ လင်္ကာလေးတွေနဲ့
စိတ်တွေကို ကဗျာမှာ နှစ်ရင်း
ရေးကာခြွေ စာလေးတွေဖြင့်
ပျော်ကာနေ အရူးလို လူသား ....

ဘယ်သူပျက်ပျက် ကိုယ်မပျက်ပါဘူး
ဘယ်သူယုတ်ယုတ် ကိုယ်မယုတ်ပါဘူး
မေတ္တာတွေ ဖြန့်လို့ထားမယ်
ဩော်
သံယောဇဉ်ကြီးတဲ့ လူသား .....






No comments:

Post a Comment