
မြတ်နိုးသူ
******
အမြဲလိုပင်
နံ့သာတင်လို့
ပါးပြင်ထက်လေး
ဖြူဖြူဖွေးနဲ့
မြင်သူငေးတဲ့ လမင်းနှယ် ....
ဘဝင်တုန်အေး
ရင်ခုန်နွေးလို့
မူယာရယ်ကင်း
မနောရှင်းတဲ့
ဖြူစင်ဝင်းတဲ့ ကျော့မှုးနွယ် ....
ရီရင်လည်းနော်
ပါးချိုင့်ပေါ်လို့
သထက်ဖွေးဖွေး
အစွယ်လေးနဲ့
မောင်ရည်းစူးသော သက်ထားရယ်
မြန်မာဆန်လို့ မြတ်နိုးတယ်
နန်းဆန်အောင်ပင် လှလွန်းထယ် ***
No comments:
Post a Comment