ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

မမျှော်လင့်ရဲပါဘူး သဲ ရယ်

မမျှော်လင့်ရဲပါဘူး သဲ ရယ်
******************


ဝေဒနာတွေ ကံသင့်သူမို့
ကြေငြာရန်ပင် မသင့်ပါဘူး သဲ ရယ် ---
တစ်ပြေ တစ်ရွာရယ်

ရေမြေတွေခြား ပေမယ့်
မေတ္တာတွေပုံ သစ္စာတွေထုံးရင်း
ရင်ထဲမှာရစ် အသဲနစ်အောင်
ချစ်ခဲ့မိပါတယ် သဲ ရယ် ....
မဖြစ်သင့်ပေမဲ့လည်း သဲ ရယ်
ချစ်ခွင့်ကို မောင်မမျှော်လင့်ရဲပါဘူး
အမှိုက် နဲ့ ရွှေ လို မိုး နဲ့ မြေ လို
ဝေးကွာလွန်းတဲ့ တို့အဖြစ်ရယ်မို့
ပန်းခင်းသော အချစ်လမ်းမှာ
သဲ တစ်ယောက်ပျော်ရွှင်မယ်ဆို
မောင် ရင်ကွဲပြီး နေရဲပါတယ် သဲ ရယ် ....
စိန်တွေ ရွှေတွေ မရင်းနှီးနိင်သူမို့
မေတ္တာ ပေးလို့ မေတ္တာ ရရင်
သစ္စာ ပေးလို့ သစ္စာ ရရင်
ကျေနပ်ကာ သေပျော်မဲ့ လူသားပေါ့ ....
ခုများမှာဖြင့် ချစ်သော သဲ ရေ
စိန် ရွှေ ငွေ ဓနရယ် မရှိသူမို့
မေတ္တာ ပေးလည်း မရ
သစ္စာပေးလည်း မရနိင်မှတော့
မောင်လိုလူ မျက်နှာမွဲရယ်က
သဲ အပေါ်ဝယ် သဒ္ဒါကျွံရစ်ခါ
နယ်ကျွံနစ်သော အချစ်တွေကို
သဲ သိစေ ကဗျာတစ်ပုဒ်နဲ့
ဖွင့်ဟခြွေ ဆုတောင်းပါမယ်
သဲ ရယ်
ချမ်း မြေ့ ပါ စေ ကွယ် ....

No comments:

Post a Comment