ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 10, 2014

ညီမလေး သို့

Photo: ညီမလေး သို့
+++++++

ညီမလေး ရေ
အကိုရေးတဲ့ ကဗျာတိုင်းမှာ
ကာရံတွေ မပါဝင်ခဲ့ပါဘူး
ရင်ခုန်သံတွေတော့ ပါဝင်နေလေရဲ့

ညီမလေး ရေ
မြို့ပြရဲ့ မီးရောင်စုံအောက်မှာ
ကာရံတွေ မသာယာနိင်ခဲ့ပါဘူး
ပိုးစုန်းကြူးလို ကိုယ်အလင်းကိုယ်ခွင်းလို့
ဒဿနဆန်သော အချစ်ကြီးကို
မိုက်မဲစွာ တူးဖော်နေလေရဲ့ 

ညီမလေး ရေ
တဏှာ အချစ်တွေနဲ့ အသားရစ်ခါ
အကို မချစ်ခဲ့ရပါဘူးကွယ်
ညီမ အားငယ်နေစဉ်မှာ 
ထူပေးဖို့ အကို့ လက်တစ်စုံကိုသာ
သစ္စာတွေ မေတ္တာတွေများစွာဖြင့်
စွဲမြဲစွာကိုင်နိင်ဖို့ ကြိုးစားနေတယ် 
ဆိုတာတော့ ......

(ချစ်ရသူလှိုင်မင်း)

ညီမလေး သို့
+++++++

ညီမလေး ရေ
အကိုရေးတဲ့ ကဗျာတိုင်းမှာ
ကာရံတွေ မပါဝင်ခဲ့ပါဘူး

ရင်ခုန်သံတွေတော့ ပါဝင်နေလေရဲ့

ညီမလေး ရေ
မြို့ပြရဲ့ မီးရောင်စုံအောက်မှာ
ကာရံတွေ မသာယာနိင်ခဲ့ပါဘူး
ပိုးစုန်းကြူးလို ကိုယ်အလင်းကိုယ်ခွင်းလို့
ဒဿနဆန်သော အချစ်ကြီးကို
မိုက်မဲစွာ တူးဖော်နေလေရဲ့

ညီမလေး ရေ
တဏှာ အချစ်တွေနဲ့ အသားရစ်ခါ
အကို မချစ်ခဲ့ရပါဘူးကွယ်
ညီမ အားငယ်နေစဉ်မှာ
ထူပေးဖို့ အကို့ လက်တစ်စုံကိုသာ
သစ္စာတွေ မေတ္တာတွေများစွာဖြင့်
စွဲမြဲစွာကိုင်နိင်ဖို့ ကြိုးစားနေတယ်
ဆိုတာတော့ ......

No comments:

Post a Comment