ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

ထာဝရပါ ညီမလေးရယ်



ထာဝရပါ ညီမလေးရယ်
+++++++++++++

မလွှဲသာလို့ 
ခွဲခွာကာ ပြန်ခဲ့ရပေမယ့်
တစ်နေ့တစ်ရက် ကလေးမှ
မမေ့ရက်ပါဘူး ညီမလေးရယ်

တစ်ဘဝစာ
နှစ်ကိုယ်နီးဖို့ အရေးပေမို့
ခဏတာ ဝေးကြအရေးလို့ပဲ
စိတ်အတွေးဝယ် မှတ်ယူထားစမ်းလို့
အားတင်းကာထားလိုက်ပါ ညီမလေးရယ်

ညီမလေးရေ
ငိုချင်လက်တို့ မျက်ရည်တွေစိုနေပြီလား
အတူသွားတဲ့ ဦးပိန်တံတား
အတူဖူးခဲ့ကြ မြတ်မုနိ
အတူစားခဲ့ကြ အကြော်စုံ
အတူကြည့်ခဲ့ကြ ရုပ်ရှင်ရုံ
အို ---------
လွမ်းစရာ အစုံစုံနဲ့
ပြန်တွေးရင် ဝေဒနာတွေ
ကို့ရင်မှာ ဖြစ်ရော့မယ်
တောင်သမန်ကို သစ္စာတည်လို့
ချစ်မေတ္တာ ဖွင့်ခဲ့ပါမယ်
ညီမလေး ရေ ***
ဒီတစ်သက် ပျော်ရမယ် •••

No comments:

Post a Comment