ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

ချစ် လျှက် ပါ မောင်

ချစ် လျှက် ပါ မောင် 
- - - - - - - - - - - -

တွယ်တာလှပေမယ့်
မမြင်ကွယ်ရာကပဲ 
ချစ်ပါရစေလား မောင် ....

သခင်မဲ့သူမို့ ရင်ကွဲကာ
မကြင်ရက်တယ်မောင် ဆိုလေမလား
သိပ် ချစ် တယ် မောင် ...

မလွမ်းရဲသူမို့
လမ်းခွဲမယ် မောင့် စကားတော့
မ ကြား ရဲ ပါ မောင် ....

မောင် မမြင် မောင် မသိပေမယ့်
မောင် မရှိတဲ့ ဒီအရပ်မှာ
ပြန်တွေးရင် သံယောဇဉ်
မောင့် အနမ်းခြေရာလေးတွေကြောင့်
ကျွန်မ အပါးမယ် ရစ်တဝဲနဲ့
ချစ် လျှက် ပဲ မောင် .....

No comments:

Post a Comment