ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

တိတ်တိတ်လေးသာ နေပါမည်


တိတ်တိတ်လေးသာ နေပါမည် 
------------------------------

ပျက် ကြွေ နေ သော
နှ လုံး သား နဲ့ တော့

အရှက်ပြေ မျက်ရည်စတွေ
ကျွန်တော် မကျတော့ပါဘူး ခင် .....

ခင် သိစေဖို့ မေတ္တာစေ
ခင် ပျော်စေဖို့ အပြုံးတွေပေး
အရိပ်မဲ့ သံစဉ်တွေ ဆိုခဲ့သော်လည်း
အရိပ်နေနေ အခက်မချိုးရပါပဲ
ပန်းပွင့်ကိုယ်မှ ကျွန်တော် ခုံမင်တော့
ပန်းပွင့်တွေ ဝေဆာမြူးစေတော့လို့
မေတ္တာရေ လန်းစေအောင် ဖျန်းပေမယ့်
ယိုစွတ်ခါ မျက်နှာတော် တင်းလေတော့
အဆင်ခက်တယ် သည်ပန်းရယ်မို့

ဩော် .......
ရွှေစိတ်တော် မာန်မရှပါနှင့်
တိတ်တိတ်လေးသာ နေပါမည် .....

No comments:

Post a Comment