********

နေရောင် ဖြာထွေး
လေပြေ အေးကြောင့်
သူ့ အပြုံးဟာ လှလွန်းတယ် ***
ဝင်းညက် ပါးပြင်
နံ့သာ တင်တော့
ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
မူယာ ကင်းတဲ့ လမင်းနှယ် •••
လှသော အဆင်း
ပြည့်စုံ ခြင်းနဲ့
ကောင်းခြင်း ဝေဆာ
ဆံကေသာ က
မဟူရာ လို နက်မှောင်တယ် ---
အမြင် တွေ အေး
ရင် တွေ နွေး လို့
စက္ကန့် တိုင်းမှာ တမိတယ်
အရမ်းချစ်မိပြီ ချစ်သူရယ် •••
No comments:
Post a Comment