ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, June 26, 2014

မောင့် မန္တလေးသူ

Photo: မောင့် မန္တလေးသူ
^^^^^^^^^

တောင်းကျွန်းမြေ မန်းဇမ္မူမှာလ
စန်းမမှေးပါ နန်းသွေးလေးဖြင့်
ကျက်သရေရယ် တင့်လှပါလို့
အောင်ခွန်းသံက တကြူကြူနဲ့
တက်နေယွန်းရဲ့ ရောင်ဝန်းလျှံသူ
မောင့် မန္တလေးသူ ပေါ့ ....

သဘင်တေးနု များရယ်နဲ့
ယဉ်ကျေးမှု့ကို အစဉ်ရှေးရူကာ
ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့
ဂုဏ်ယူစရာ ကောင်းတဲ့သူက
မောင့် မန္တလေးသူ ပေါ့ ....

ရွှေဘိုနယ် သနပ်ခါးရယ်နဲ့
ပါးနှစ်ဖက်ဝယ် ဖွေးဖွေးသီရင်း
ပုံတောင်ယောင် ဖိနပ်ကလေးဖြင့်
ပိတုန်းရောင် ကေသာဖြားကိုလ
ခါးထက်ဝယ် ဖြန့်ကာထားပါတော့
အလှမှာ အယဉ်ဆင့်ပါလို့
နန်းဆန်ဆန် အပိုင်သရုပ်တွေနဲ့
သည် နှလုံးသားကို ကိုင်လှုပ်တဲ့သူ
မောင့် မန္တလေးသူ ပေါ့ ...

များတကာက ငေး အလှပဂေးမို့
ကြငှန်းဟန်နဲ့ နန်းဆန်သူရယ်
သည်ရင်မှာ အစဉ်အေးရအောင်
တစ်ပွင့်ပန်းသာ ပန်ပြပါလား
ရွှေမန်းလေးက မောင့်ချစ်သူ ....

(ချစ်ရသူလှိုင်မင်း)

မောင့် မန္တလေးသူ
^^^^^^^^^

တောင်းကျွန်းမြေ မန်းဇမ္မူမှာလ
စန်းမမှေးပါ နန်းသွေးလေးဖြင့်
ကျက်သရေရယ် တင့်လှပါလို့
အောင်ခွန်းသံက တကြူကြူနဲ့
တက်နေယွန်းရဲ့ ရောင်ဝန်းလျှံသူ
မောင့် မန္တလေးသူ ပေါ့ ....

သဘင်တေးနု များရယ်နဲ့
ယဉ်ကျေးမှု့ကို အစဉ်ရှေးရူကာ
ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့
ဂုဏ်ယူစရာ ကောင်းတဲ့သူက
မောင့် မန္တလေးသူ ပေါ့ ....

ရွှေဘိုနယ် သနပ်ခါးရယ်နဲ့
ပါးနှစ်ဖက်ဝယ် ဖွေးဖွေးသီရင်း
ပုံတောင်ယောင် ဖိနပ်ကလေးဖြင့်
ပိတုန်းရောင် ကေသာဖြားကိုလ
ခါးထက်ဝယ် ဖြန့်ကာထားပါတော့
အလှမှာ အယဉ်ဆင့်ပါလို့
နန်းဆန်ဆန် အပိုင်သရုပ်တွေနဲ့
သည် နှလုံးသားကို ကိုင်လှုပ်တဲ့သူ
မောင့် မန္တလေးသူ ပေါ့ ...

များတကာက ငေး အလှပဂေးမို့
ကြငှန်းဟန်နဲ့ နန်းဆန်သူရယ်
သည်ရင်မှာ အစဉ်အေးရအောင်
တစ်ပွင့်ပန်းသာ ပန်ပြပါလား
ရွှေမန်းလေးက မောင့်ချစ်သူ ....

No comments:

Post a Comment