----------
အိမ် မက် တွေ ပြို ရင်း
ကောင် ကင် တွေ ညို လို့
ငါ ခဏ ခဏ စိတ်နှလုံးသားတွေ
ငိုခဲ့ရပြီလေ
အမြင်တွေဝါး အသိတွေမှားတဲ့
နင် ဆိုတဲ့ မာယာကိုမှ
သဒ္ဒါကျွံရစ်ကာ နစ်ခဲ့မိခြင်းဆိုတော့လည်း
ငါ အပြစ်နဲ့ ငါ ကံ ငါ ကျိတ်မှိတ်ခါ ခံရမှာပေါ့
ကံဆိုးမသွားရာ မိုးလိုက်ရွာနေသမျှတော့
အချစ်ဆိုသော ခက်ဆစ်ကြီးကို
ငါ တစ်ခန်းတစ်နားနဲ့ စာမဖွဲ့တော့ဘူး
အသဲခြင်းတူလို့ ကြည်ဖြူရမလား
မေတ္တာခြင်းတူလို့ ယုံကြည်ရမလား
စိတ်ထားဖွေးလို့ လေးစားရမလား
မာယာမပါလို့ ချစ်ရမလားလား
---------လား !!!!!!!! လား
လား …… တွေလည်းများခဲ့ပါပြီ တကား ×××

No comments:
Post a Comment