ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, June 26, 2014

ခေတ်ဆိုးထဲက မြန်မာပြည်

ခေတ်ဆိုးထဲက မြန်မာပြည်
%%%%%%%%%%
Photo: ခေတ်ဆိုးထဲက မြန်မာပြည်
%%%%%%%%%%

အကြံသမားတွေက ဥာဏ်များလို့
အမှန်ကစား ပြပါမယ်ဆိုပြီး
နှစ်၂၀ကျော် ကာလအတွင်းမှာ
တို့နိင်ငံက သယံဇာတတွေကို
နေ့ခင်းကြောင်တောင်ကြီးမှာတောင်
မြင်မြင်သမျှ အကုန်စားမဲ့ တရုတ်ငနဲကို
လေချိုးသွေးလို့ ဖိတ်ခေါ်လိုက်တယ် ။

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း
သြဘာ နမိတ်ထွန်းတဲ့ တို့နိင်ငံက
ရောင်ခြည်တော်တွေ ဆိတ်သုန်းလို့
မှောင်အတိကျသွားခဲ့တာ ကြာပေါ့ ။

ငါသာလျှင် ဘုရင် ငါသာလျှင် အရှင်ဆိုပြီး
အာဏာ သေနတ်အားကိုးနဲ့
ကျောင်းသား သံဃာ ပြည်သူ တွေပါ
မြင်မြင်ရာ ပြစ်နေတဲ့ မုဆိုးက
မွတ်ကုလားကိုတော့ မိုးပေါ်ထောင်ပြစ်ပြနေရဲ့ ။

ဖခင်အောင်ဆန်း နဲ့ အပေါင်းအပါရယ်
သူရဲကောင်းပေါင်း မြောက်များစွာနဲ့
အသက်ပေးလို့ ရယူထားတဲ့နိင်ငံဟာ
ကျုပ်တို့ အမွေဆက်ခံဖို့မဟုတ်တော့ဘူးလား

လွပ်လေးရေးရပြီး မလွတ်လပ်တဲ့ တိုင်းပြည်က
တောတွေပြုန်းလို့ တောင်တွေဖြိုကောင်းနေတုန်း
သစ်တွေတုန်းလို့ မြစ်တွေကောကောင်းနေတုန်း
လျှပ်စစ်မီးတွေပိုလို ပြန်ပြီးရောင်းကောင်းနေတုန်း
ရေတွေပိုလို ရောင်းကောင်းနေတုန်း
ကလီကမာ ဥာဏ်ဆိုးဆိုးတွေနဲ့ 
ဝန်ကြီးတွေက ဟာသတွေပြောကောင်းနေတုန်း
မြေပေါ်မြေအောက် တွေ့သမျှအကုန်ယူလို့
ခရိုနီတွေက ထီးဖြူ ဆောင်းပြနေတုန်း
ကလေးတွေ စာသင်ရမဲ့အရွယ်မှာ
ဗန်းလေးတွေနဲ့ ဈေးရောင်းနေရတုန်း
ဖုန်းတွေ ကားတွေ ဈေးပေါနေချိန်မှာ
ဈေးကြီးပေးပြီး ဝယ်နေရတုန်း
တန်ဖိုးနည်း အိမ်ယာတွေ ပေါနေချိန်မှာ
အောက်ခြေတွေက လက်လှမ်းမမှီနိင်ကြတုန်း
ခြေကုန်လက်ပမ်းကျလို့ မွဲနေတဲ့နိင်ငံကို
ခေါင်းဆောင်ကောင်း လက်ထဲမအပ်ရဲနေတုန်း
အသိတွေကဝါး အမြင်တွေကမှားနဲ့
မိုးလင်းခြင်းရဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့
ကောင်းစွာ နားမလည်သေးသရွေ့တော့
ရောင်နီအလှနဲ့ ကင်းဝေးနေအုံးမှာက
ကျုပ်တို့ပြည်သူသန်း (၆၀)အတွက် 
စိတ်ပျက်ဖို့ကောင်းတာ အမှန်ပဲဗျာ ။ ။

(ချစ်ရသူလှိုင်မင်း)

အကြံသမားတွေက ဥာဏ်များလို့
အမှန်ကစား ပြပါမယ်ဆိုပြီး
နှစ်၂၀ကျော် ကာလအတွင်းမှာ
တို့နိင်ငံက သယံဇာတတွေကို
နေ့ခင်းကြောင်တောင်ကြီးမှာတောင်
မြင်မြင်သမျှ အကုန်စားမဲ့ တရုတ်ငနဲကို
လေချိုးသွေးလို့ ဖိတ်ခေါ်လိုက်တယ် ။

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း
သြဘာ နမိတ်ထွန်းတဲ့ တို့နိင်ငံက
ရောင်ခြည်တော်တွေ ဆိတ်သုန်းလို့
မှောင်အတိကျသွားခဲ့တာ ကြာပေါ့ ။

ငါသာလျှင် ဘုရင် ငါသာလျှင် အရှင်ဆိုပြီး
အာဏာ သေနတ်အားကိုးနဲ့
ကျောင်းသား သံဃာ ပြည်သူ တွေပါ
မြင်မြင်ရာ ပြစ်နေတဲ့ မုဆိုးက
မွတ်ကုလားကိုတော့ မိုးပေါ်ထောင်ပြစ်ပြနေရဲ့ ။

ဖခင်အောင်ဆန်း နဲ့ အပေါင်းအပါရယ်
သူရဲကောင်းပေါင်း မြောက်များစွာနဲ့
အသက်ပေးလို့ ရယူထားတဲ့နိင်ငံဟာ
ကျုပ်တို့ အမွေဆက်ခံဖို့မဟုတ်တော့ဘူးလား

လွပ်လေးရေးရပြီး မလွတ်လပ်တဲ့ တိုင်းပြည်က
တောတွေပြုန်းလို့ တောင်တွေဖြိုကောင်းနေတုန်း
သစ်တွေတုန်းလို့ မြစ်တွေကောကောင်းနေတုန်း
လျှပ်စစ်မီးတွေပိုလို ပြန်ပြီးရောင်းကောင်းနေတုန်း
ရေတွေပိုလို ရောင်းကောင်းနေတုန်း
ကလီကမာ ဥာဏ်ဆိုးဆိုးတွေနဲ့
ဝန်ကြီးတွေက ဟာသတွေပြောကောင်းနေတုန်း
မြေပေါ်မြေအောက် တွေ့သမျှအကုန်ယူလို့
ခရိုနီတွေက ထီးဖြူ ဆောင်းပြနေတုန်း
ကလေးတွေ စာသင်ရမဲ့အရွယ်မှာ
ဗန်းလေးတွေနဲ့ ဈေးရောင်းနေရတုန်း
ဖုန်းတွေ ကားတွေ ဈေးပေါနေချိန်မှာ
ဈေးကြီးပေးပြီး ဝယ်နေရတုန်း
တန်ဖိုးနည်း အိမ်ယာတွေ ပေါနေချိန်မှာ
အောက်ခြေတွေက လက်လှမ်းမမှီနိင်ကြတုန်း
ခြေကုန်လက်ပမ်းကျလို့ မွဲနေတဲ့နိင်ငံကို
ခေါင်းဆောင်ကောင်း လက်ထဲမအပ်ရဲနေတုန်း
အသိတွေကဝါး အမြင်တွေကမှားနဲ့
မိုးလင်းခြင်းရဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့
ကောင်းစွာ နားမလည်သေးသရွေ့တော့
ရောင်နီအလှနဲ့ ကင်းဝေးနေအုံးမှာက
ကျုပ်တို့ပြည်သူသန်း (၆၀)အတွက်
စိတ်ပျက်ဖို့ကောင်းတာ အမှန်ပဲဗျာ ။ ။

No comments:

Post a Comment