×××××

အနမ်း .......
အနမ်းတွေ ဝေခဲ့လို့များ
နင် ပန်း ပန်းတွေလို
ကြွေခဲ့လေသလား ဝေ ---
အိုင်တွေတိုင်း
ခြေမဆေးချင်ပါနဲ့လား ဝေ
ဗလောင်းဗလဲနဲ့
အလွှဲအပြောင်းတွေကြားမှာ
သြော်
အသဲတစ်သောင်း ပိုင်ရှင်မလိုလို.
စန္ဒမုခိ ဘီလူးမလိုလို
မာယာရယ် ကုဌေတစ်သန်းတွေနဲ့
ကျား တကာရင်ခွင်မှာမှ
မင်း မင်း ပျော်ရက်လေသလား ဝေ
မင်းခြွေလို့ ကြွေသောအသည်းတွေက
ကျား ဆိုမှကျား အသားစားတဲ့ ကျား
မြက်စားတဲ့ နွားမဟုတ်တာကို
နင် အတတ်ကျူးလို့ မသိခဲ့လေသလား
ကစားစရာအရုပ်လို့ ထင်ရက်လေသလား
မိမိဝေ
မိမိဝေ ရေ
ရာဂအမှောင်ဖုံးလေတော့
တဏှာရဲ့ နောက်ဆုံးမှာ
ပန်းအကြွေလို မြေမှာမနင်းစေပဲ
သူအလိုလို ကြွေခါ ကျတောင်
ပန်းခရေနှယ် မင်း သင်းပျံ့စေဖို့
ဆုတောင်းပေးပါတယ်ကွယ် ....
No comments:
Post a Comment