+++++++++

ပင်တိုင်တော် ဦးရယ်မို့
မောင်
မော်ဖူးပါရစေလား ဖြူ ...
သခင်က ပန်းတစ်ခင်းဖြစ်မယ်ဆိုရင်
ကျွန်တော် က ဥယျာဉ်မှုးဖြစ်ပါရစေ
သခင် က နေ တစ်စင်းဆိုရင်
ကျွန်တော် က လ အဆင်းဖြစ်ပါရစေ
သခင် က ကောင်းကင်ကြီးဆိုရင်
ကျွန်တော် က ကမ္ဘာမြေကြီးဖြစ်ပါရစေ
သခင် က သမုဒ္ဒရာကြီးဆိုရင်
ကျွန်တော် က ရေပြင်လေးဖြစ်ပါရစေ
သခင် ထားရာနေ
သခင် စေရာသွားရင်း
နှစ်လွှာမခြား လို့
စွယ်တော်ရွက်များ နှယ်
ဖြစ်ပါရစေ ကွယ် ချစ်သူရယ် ....
No comments:
Post a Comment