ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

နားလည်သင့်တယ် ထင်ပါတယ်



နားလည်သင့်တယ် ထင်ပါတယ်
$$$$$$$$$$$$$$$$$$$$$$$

အမြင်မတော် မာနတွေနဲ့မှ
စင်ပေါ်ဝယ် အသာရသလိုပ
ဟင်း ........................
ခက်ပါလား အရပ်ကတို့ရယ် ...

အွန်လိုင်းဆိုတာ အသေခြာတွေးတော့
တယ် .....................
မရေရာသေးပါလား ကွယ် ...

ဒီမယ် အမ ဒီမယ် ညီမတို့ရယ်
ခင်ဗျာတို့
အမြင်တွေများ ရိုင်းလေသလား
သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေးမို့
နူတ်တစ်ရာ စာတစ်လုံးနဲ့
ကျုပ်လေ
ကဗျာလင်္ကာ မှာခြွေအုံးမယ်
ကဲ နားဘဝင်က မကြားခြင်လည်း
နား ဆင် အုံး ဟယ် ....

ဖွန်ကြောင်တာ အခွန်ဆောင်စရာ
မဟုတ်လေတော့
ပျို လည်း ကြောင် အို လည်းကြောင်
အို အကုန် ကြောင် ပေါ့ ဗျာ
လက်ခုပ်ဆိုတာ ၂ဘက်တီးလေမှ
မြည်စမြဲမို့ အရှက်မရခင်
ကြိုတင်တွေး အို သက္ခင်္ာကျတာ ဝေးပေါ့ .....

အသာမိကော သာမိကော တဲ့
ပိုင်ရှင်ရှိညား မရှိညားလား
နူတ်မူကြွကြွ စာလှလှဖြင့်
မဖွင့်ဟခင် ဦးလင့်စွာမေး
ထိုဘေးဆိုးမှ (ဒုသနသော) ဝေး
အိမ်ဦးနတ်များ ရှိနေညားလည်း
သဒ္ဒါကျွံနစ် တဏှာနွံ့နစ်တော့
အကာအချစ် အထာရစ်ပြီ
အို .....
ရှက်ဖွယ်လိလိ ရှိခြေတကား ....

သင်တို့မွေးဖွား သင့်သွေးသားအား
မျိုးရုပ်ဇတ်သွင်း အမှောင်တွင်းသို့
သွတ်သွင်းစေရာ မိနှစ်ဖြာကို
အိုဘယ့်ရင်သွေး အိုရင်သွေးက
ဘယ်မှာလာလို့ ရိုသေမလဲ ....

တို့များဘာသာ တို့သာသနာက
လင်ယူသားကွဲ မျိုးဇတ်တွဲကို
ရှက်ဖွယ်အလိ မှတ်နေ၏မို့
အမိုက်မှောင်တွင်း ခွေးဇတ်မသွင်းခင်
ကြိုတင်နှလုံး ချင့်ချိန်းအုံးပေါ့
ကာမပိုင်ဆိုတဲ့ ..................... တို့ရေ ....

ပိုင်ရှင်ရှိသူ ထိုထိုသူကို
နူတ်မူစောင့်စည်း ကောင်းတဲ့နည်းနဲ့
လမ်းကောင်းမညွှန် လမ်းဆိုးညွှန်ရင်
ထိုသူငရဲ မလွတ်ပဲမို့
မျိုးကောင်းသားလည်း ကူညီကွယ်
မျိုးချစ်တရားဖြင့် ကာကွယ်မယ် ...

No comments:

Post a Comment