ပျော် ပါ ရ စေ လား
။၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ ၊၊၊၊၊၊၊၊။

တစ်သက်မှာ
တစ်ခါ ချစ်မိသော်လည်း
မောင် လိုလူ မျက်နှာမွဲရယ်မို့
သိပ်ချစ်တယ်
ဟန်တွေမပြပါနဲ့တော့လား ....
ဩော်
ရင်ထဲသို့ အမြစ်တွယ်ကာ
အတွေးမှာ အစဉ်အမြဲနဲ့
သခင် ခွဲလျှင်တော့ ဝေဒနာတွေ
သေရာပါမယ် ပြောခဲ့ဖူးပေမဲ့
မစာနာ ဒဏ်ရာတွေပေးခဲ့လေတော့
အရိပ်ကလေးလို့ အစဉ်ခြောက်လေရဲ့
အချစ်ရယ်
နွမ်း လျ တယ် ကွယ် .....
နှလုံးသာက ချစ်ပန်းငယ်
အသစ် အသစ်တွေ ပွင့်ဖူးရအောင်
မောင့် အချစ်ကို ကျိန်စာမတိုက်ပါနဲ့
စိတ်ကြိုက်သာ ခွာခွာနေလိုက်ပါတော့
ရင်ထဲမှာ ခြေရာပင် မချန်ခဲ့ပါနဲ့လား
သခင့် မာယာတွေ အစဉ်ခွာချပါလို့
အချစ်ရယ်
မောင် .... ပျော်ပါရစေလား ....
No comments:
Post a Comment