ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, June 26, 2014

ပျော်လှည့်တော့ ကွယ်

* ပျော်လှည့်တော့ ကွယ် *
&&&&&&&&&&&&&&&&

မချစ်ရဲတော့သူကိုမှ
ခင် တမင်လွမ်းစေတော့ရယ်လို့
ချစ်သက်သေ အနမ်းခြေရာလေးတွေနဲ့
ဝေဒနာပေး ထားခဲ့လေသလား ကွယ် ......

အကြင်နာတွေ ဒီရေတိုးသလို
တူနှစ်ကိုယ် အပြင်မှာ မတွေ့ကြသေးပေမဲ့
တစ်နေ့တစ်ရက်ကလေးမှ မဟုတ်ခဲ့လေတော့
နှလုံးခုန်တိုင်းကိုပင် ဘယ်မေ့ရမလဲ
အချစ်ရယ် ....
သိပ်ချစ်ခဲ့တယ် ကွယ် .......

ကြည်နူးစရာ အမှတ်တရလေးတွေက
ပြန်တွေရင် မျက်ရည်ဝိုင်းရလို့
သံယောဇဉ် ဖြတ်မရသေးခင်တော့
မောင့် အတွေးမှာ အစဉ်မြဲပါ
နေရာယူ နွယ်ပင်နှယ် အမြစ်တွယ်သမို့
အချစ်ရယ် .....
ပူ လောင်လွန်းတယ် ကွယ် .......

ဩော်
သူ့ မျက်နှာ ငွေလဝန်းကိုမှ
မော်ဖူးကာ ကြည့်ခဲ့သူမို့
တစ်သက်မှာ တစ်ခါအချစ်တွေနဲ့
အသက်ပါ ပုံ ချစ်ခဲ့သော်လည်း
ခံစားစေ ခင် မောင့် ကိုယ် ညှဉ်းခဲ့လေသလား
ရင်ထဲဝယ် ဆယ် နေ ကဲလေသမျှတော့
ထားခဲ့သူ ပျော်ပါစေတော့ရယ်လို့
ရာသက်ပန် အလွမ်းတွေကိုဖြင့်
ဖွင့်ဟခြွေ ကဗျာ အပုဒ် အပုဒ်တွေနဲ့
ရေးသားခြယ် ငိုငြီးပါမယ်
အချစ်ရယ် .....
မင်း တစ်ယောက် ပျော်လှည့်တော့ ကွယ် ။ ။


Photo: * ပျော်လှည့်တော့ ကွယ် *
&&&&&&&&&&&&&&&&

မချစ်ရဲတော့သူကိုမှ
ခင် တမင်လွမ်းစေတော့ရယ်လို့
ချစ်သက်သေ အနမ်းခြေရာလေးတွေနဲ့
ဝေဒနာပေး ထားခဲ့လေသလား ကွယ် ......

အကြင်နာတွေ ဒီရေတိုးသလို
တူနှစ်ကိုယ် အပြင်မှာ မတွေ့ကြသေးပေမဲ့
တစ်နေ့တစ်ရက်ကလေးမှ မဟုတ်ခဲ့လေတော့
နှလုံးခုန်တိုင်းကိုပင် ဘယ်မေ့ရမလဲ
အချစ်ရယ် ....
သိပ်ချစ်ခဲ့တယ် ကွယ် .......

ကြည်နူးစရာ အမှတ်တရလေးတွေက
ပြန်တွေရင် မျက်ရည်ဝိုင်းရလို့
သံယောဇဉ် ဖြတ်မရသေးခင်တော့
မောင့် အတွေးမှာ အစဉ်မြဲပါ
နေရာယူ နွယ်ပင်နှယ် အမြစ်တွယ်သမို့
အချစ်ရယ် .....
ပူ လောင်လွန်းတယ် ကွယ် .......

ဩော်
သူ့ မျက်နှာ ငွေလဝန်းကိုမှ
မော်ဖူးကာ ကြည့်ခဲ့သူမို့
တစ်သက်မှာ တစ်ခါအချစ်တွေနဲ့
အသက်ပါ ပုံ ချစ်ခဲ့သော်လည်း
ခံစားစေ ခင် မောင့် ကိုယ် ညှဉ်းခဲ့လေသလား
ရင်ထဲဝယ် ဆယ် နေ ကဲလေသမျှတော့
ထားခဲ့သူ ပျော်ပါစေတော့ရယ်လို့
ရာသက်ပန် အလွမ်းတွေကိုဖြင့်
ဖွင့်ဟခြွေ ကဗျာ အပုဒ် အပုဒ်တွေနဲ့
ရေးသားခြယ် ငိုငြီးပါမယ်
အချစ်ရယ် .....
မင်း တစ်ယောက် ပျော်လှည့်တော့ ကွယ် ။ ။

(ချစ်ရသူလှိုင်မင်း)

No comments:

Post a Comment