*****************

အုံပုန်း အချစ်ရယ်မို့
ဝေဒနာ တဆစ်ဆစ်တွေက
တစ်ကယ်ပင် ခါးလေသလား မောင် ...
လူ သိမှာလည်း စိုး
ဩော်
အပူ မိတာကလည်း တစ်မျိုးပေါ့
သိုသိပ်ခါ ရင်မယ်အဆွေးတွေနဲ့
ကြိတ်မှိတ်လို့ ခံစားရတာကလည်း
အမော အမော ပါပဲ မောင် ....
မောင် မမြင် မောင် မသိပေမယ့်
ချစ်များ ချစ်လာလိမ့်မလားရယ်နဲ့
ကြင်နာ လာလေရယ်မလားကွယ်လို့
မျှော်လင့်စွာ စိတ္တဇအတွေးတွေအလယ်
ဝေဒနာ အလွမ်းများစွာပေးရင်း
စေတနာ အပြောတွေ ဖော်ရွေလွန်းလို့
မေတ္တာတွေလည်း မိုးမြေဆုံးပေါ့ မောင် .....
သြော်
တိတ်တခိုး အချစ်တွေရယ်မို့
နေမြင့်လေ အရူးရင့်လေနဲ့
ဝေဒနာတွေပါပဲ မောင်ရယ်
မိန်းမသား အချစ်ဆိုတော့လည်း
ခိုင်မြဲစွာ နှောင်ကြိုးတွဲလို့
ရင်ထဲကို မြင်ကြည့်ရင် သိမယ်
ယောက်ကျားကြိုက်တော့ စိုက်စိုက်လာ
မိန်းမတွေ အချစ်စိတ် ယိုဖိတ်မိတော့
မျှော်ကိုးရုံက လွဲ၍ အတွေးနယ်မှာ
အဆွေးသာ ဗျာပါကြွယ်ပေါ့ မောင် ရယ် .... ။
No comments:
Post a Comment