-----------

အလိုကွယ်
မန်းပျိုဖြူ ယဉ်ညိုချောရယ်က
သည်မောင်ကို ချစ်လေသမို့
အလွမ်းတွေရယ် ပြေဖို့ရာ
အရောက်လာ အမှာတော်ဆင့်လေတော့
ထောက်မညှာ ရောက်ခါရယ်သွားမယ်ပ
အပြေးကွယ် လက်မှတ်ကိုဝယ်ပါလို့
ကားပေါ်သို့ တက်ခဲ့တယ် .....
မြန်းမကြာ ခရီးစဉ်အစမှာဖြင့်
အဆင်ပြေ ချောမွတ်ပေမယ့်
သိပ်မကြာ အမြန်လမ်းကိုရောက်လေတော့
မစာနာ မညှာတာ ကံကြမ္မာဆိုးရယ်က
ချစ်သူတွေပင် သေကွဲ ခွဲရက်လေသလား
ရှိသမျှ ဘုရားစာ တွေ ရယ်
အကုန် .... အကုန်သာ ရွတ်ပေမယ့်
မရဏရယ် မောင့်ကို အနိင်ပိုင်းပါပေါ့
ဩော် အချစ်ရယ်
မောင့်အတွက်တော့ဖြင့် မပြန်သောလမ်း ......
No comments:
Post a Comment