ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

ချစ်သော နှင်း သို့


ချစ်သော နှင်း သို့
-------------------

ကဗျာအလှ ပန်းချီနဲ့
စာစသီပါရစေလား
ချစ်သော နှင်း ရေ ***

မာယာဆို ကြောက်သူမို့
အလွဲအလွဲတွေနဲ့မှ
အသဲကွဲ ကျန်ခဲ့သူရယ်က 
တစ်ယောက်ထဲပါ နှင်း ရယ် ***

အသဲစွဲအောင်ချစ်တာမို့
အသဲပဲခွဲပြရမလား
တစ်ခန်းတစ်နားနဲ့
စာသားတွေမစီပြချင်ပါဘူး
မေတ္တာပေးလို့ မေတ္တာရရင်
သေပျော်သူကလည်း
တစ်ယောက်ထဲပါ နှင်း ရယ် ***

ပန်သစ္စာ ရင်မှာပြုလို့
တစ်မိုးအောက်မှာ မဖောက်လွဲ
တစ်ယောက်ထဲပဲ ချစ်ပြချင်ပါတယ်
ရေမြေတွေ ဘယ်လောက်ခြားခြား
ကြားလေတွေ ဘယ်လိုသွေးသွေး
ချစ်တာသိလို့ သစ္စာရှိကြရင်
နှင်း ရေ
ဆံဖြူကာ သွားတွေကျိုးလို့
ပါးရည်ရယ် တွန့်စေပေါ့
ခိုင်မြဲစွာ တွဲမယ့်တို့တွေ လက်
ဘယ်သူခွဲမလဲ ချစ်သူရယ် ....

No comments:

Post a Comment