ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

လယ်တောသူ

လယ်တောသူ
---------------

ကန်စင်းရယ်ဖွေး 
ထမင်း အေးနှင့်

လွေးကာ စားရ
တို့ ဘဝက
မာယာတွေ ကင်း ရိုးသားခြင်း ။

မနော်ရယ်အေး
စိတ်ထားဖွေးနှင့်
တောသူ တွေက
လယ်ယာဝင်ခိုက်
ချိန်ရှိခိုက်ဝယ်
ပျိုးပင်စိုက်မယ်
ကောက်စိုက်မယ်နဲ့
တို့ ပြည်ဝမ်းစာ
တို့ ဝမ်းစာကို
စေတနာဖြင့် စိုက်ကြသည် ။

သဘော ဖြုမြ
သြော်…
တောသူ လှကို
အစဉ် မမေ့
နှောင်းမြည့်မြည့်ဖြင့်
ရေစပ်ခြယ်သီ
ကဗျာပန်းချီ
ဂုဏ်ပြုပါသည်
လယ်တောသူတို့ အလှညီ ။ ။

No comments:

Post a Comment