ထာဝရသာ ဖြစ်ရမည်
+++++++++++

အချစ်တွေ ရှားနေလို့လား
ဟအင်း
သစ္စာတွေ ခါးနေလို့ပါ
မေတ္တာတွေ မရှိလို့လား
ဟအင်း
မာယာတွေ များလွန်းလို့ပါ
နှလုံးသား မပါခဲ့လို့လား
ဟအင်း
ချစ်ရမှာ ကြောက်နေလို့ပါ
ချစ်တာသိရင် သစ္စာရှိပါစေ
မေတ္တာသိရင် နားလည်နိင်ပါစေ
ရေမြေတွေ ဘယ်လောက်ခြားခြား
နိင်ငံတွေ ဘယ်လောက်ဝေးဝေး
နှလုံးသားချင်းသာ နီးမယ်ဆို
ချစ် သူ ရေ
မောင့် အသက်ရှုတိုင်းဟာလေ
မင်းအတွက် ထာဝရဖြစ်ရမယ် ...
No comments:
Post a Comment