ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 10, 2014

သာဓုခေါ်စေသော်

သာဓုခေါ်စေသော်
--------------------
Photo: သာဓုခေါ်စေသော်
--------------------

ကျောက်ပန်းတောင်းမှ တငါ့ကန်ဝယ် 
ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့
ရပ်ရွာကလေး ညီငယ်လေးတို့အား
မဂ္ဂင်နိဗ္ဗာန် ရည်စိတ်သန်၍
သာသနာအမွေ ရှင်အမွေကို
အများကောင်းမှု့ အကြောင်းပြုရင်း
အပြစ်ကင်းစင် လူငယ်တစ်စုက
ဗုဒ္ဓရောင်ဝါ ထွန်းလင်းဖြာအောင်
ကြိုးကာကျိုးပြု စုကောင်းမှု့ဖြင့်
အောင်မြင်စွာနဲ့ ပြီးခဲ့ပြီ ။ ။

ထိုထိုကောင်းမှု့ ရည်ရွယ်ပြုကာ
ရင်ထဲမှာရှိ သဒ္ဒါအသိနဲ့
တစ်မှုးစုလို့ တစ်ပဲလှူရင်း
သေသော်မပါ များဥစ္စာကို
စွန့်လို့ပေးလှူ ကုသိုလ်ယူ၍
တို့များကုသိုလ် ဤကုသိုလ်ကို
ရကြပါစေ အမျှဝေမည်
လူ နတ် ဗြမ္မာ ဝေနေအများတို့
သာဓု ခေါ်စေသော် ဝ် ။ ။

(ချစ်ရသူလှိုင်မင်း)
ကျောက်ပန်းတောင်းမှ တငါ့ကန်ဝယ် 
ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့
ရပ်ရွာကလေး ညီငယ်လေးတို့အား
မဂ္ဂင်နိဗ္ဗာန် ရည်စိတ်သန်၍
သာသနာအမွေ ရှင်အမွေကို
အများကောင်းမှု့ အကြောင်းပြုရင်း
အပြစ်ကင်းစင် လူငယ်တစ်စုက
ဗုဒ္ဓရောင်ဝါ ထွန်းလင်းဖြာအောင်
ကြိုးကာကျိုးပြု စုကောင်းမှု့ဖြင့်
အောင်မြင်စွာနဲ့ ပြီးခဲ့ပြီ ။ ။

ထိုထိုကောင်းမှု့ ရည်ရွယ်ပြုကာ
ရင်ထဲမှာရှိ သဒ္ဒါအသိနဲ့
တစ်မှုးစုလို့ တစ်ပဲလှူရင်း
သေသော်မပါ များဥစ္စာကို
စွန့်လို့ပေးလှူ ကုသိုလ်ယူ၍
တို့များကုသိုလ် ဤကုသိုလ်ကို
ရကြပါစေ အမျှဝေမည်
လူ နတ် ဗြမ္မာ ဝေနေအများတို့
သာဓု ခေါ်စေသော် ဝ် ။ ။

No comments:

Post a Comment