...............

ခေါ်မထားပါဘူး လေ
သွားသူက မောင် ရယ်ပါ ....
သူ့ မျက်နှာငွေလဝန်းကိုမှ
မော်ဖူးကာ ကြည့်ခဲ့သူမို့
မရွှင်အသည်း နာ
ဩော်
ရင်ကွဲကာ နာကျင်ရပေမယ့်
သူ သိစေ အပူရုပ်ကို
လူထုတ်ကာ မောင် မပြတော့ပါဘူး ...
ရင်ထဲမှာ ဘယ်လိုချစ်ပါရဲ့နော်
မေတ္တာတွေ ဘယ်လိုထားတယ်ပေါ့
သစ္စာတွေ မိုး မြေ အလားပါပဲ
ပြောပါမယ် စိတ်အတွေးတွေနဲ့
ကြည်နူးသလို ရင်မှာဖြစ်ပေမယ့်
မိသည်းညှာ မောင့် အချစ်ရယ်က
ထောက်ထားမစာ ရင်ကွဲစေတော့လို့
ချစ်သူတွေ အသစ်အသစ်ရယ်နဲ့
နူတ်မူချို ပျော်ဟန် ဖွဲ့လေတော့
ချစ်မိသူ မောင့် အမှားပါပဲမို့
နောင်တတွေ ရင်မှာပိုက်ကာ
သူ မပါ သည် ဘဝခရီးမှာ
အချစ်ရယ်
မောင် တစ်ယောက်ထဲ ။ ။
No comments:
Post a Comment