ပူ လှ တယ် လေး
*-*-*-*-*-*-*-*-*

အို .........
နေသူရိန် စက်ရောင်တွင်းမှာပ
ပူတယ်ကွယ် မထင်မိသော်လည်း
တွေးရင်းနဲ့ပင် ဆွေ့ဆွေ့ခုန် ။
လေ တစ်ချက်
တိုက်မိတယ် တစ်လံလောက်ဆီက
ထယ်အလွှာ အကုန်မကပ်သော်လည်း
သည်လေရယ် လူကိုယ်လာမအေးပါဘု
အသည်းဆူ ကျောကွဲအောင် ပူတာမို့
ချောင် ကပ် လို့ လှုံ ။
အမလေး နော် ...
ယမ်းယောင်က ထလို့ညဉ်းမိတော့
နေထွက်မှာ ကြောက်ပါဘိရယ်လို့
ချွေး တို့ က စုံ ။
ဩော် ......
ငွေနှင်းရယ်တဲ့ မှိုင်းမှိုင်းမှုန်
လေညှင်းရယ် တသုန်သုန် ရာသီရောက်ပါတော့
ပူ ပုံမှာ တယ် ကမ်းကုန်ရစ်တာမို့
လမ်းစုံဝယ် အော်သာ ဟစ်လိုက်ချင်ရဲ့
အလိုကွယ် ...
လူ .. လူတွေမှာ သေ .. သေလုပါပေါ့
နေမင်းကို ဘယ်သူဖန်ဆင်းခဲ့သလဲ
ပူ လှ တယ် လေး -*-*-*
No comments:
Post a Comment