ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

ရွှေမန်းလေးက မောင့် ချစ်သူ



ရွှေမန်းလေးက မောင့် ချစ်သူ 
---------------------------------

မျက်နှာတော် ဖြူဖြူဖွေးရယ်နဲ့
မှုံနံသာရောင် သနပ်ခါးလေးကိုပ
ပါးနှစ်ဖက်ဝယ် လူးကာလိမ်းချယ်လို့
ဖြူ တူတူ အသားတော်သင်းသင်းဝါနဲ့
နူတ်ခမ်းဖူးလေးက နီသွေးကြွယ်
ဆံကေသာ ပိတုန်းနက်လေးကိုဖြင့်
ကျော့ရှင်းဖွယ် ဖြန့်ကာချလိုက်တော့
ခါး ထက်ဝယ် နေရာယူ မောင့် ချစ်သူပေါ့ .....

တုနှိုင်းမမီ အိနြေ္ဒရှင်လေးရယ်မို့
ကဗျာဖွဲ့ကာ စာသီမရပေမယ့်
ဟန်မူရယ် နွဲ့နွဲ့နှောင်းနဲ့
ကပိုကရို မဝတ်မစားတော့
ရိုးရိုးလေးရယ် မန်းပျိုဖြူချောရယ်က
သမင်မျက်လုံး ရူမဆုံးတော့
ပန်းချီဆရာ အရုံးပေးမယ့်
ဇင်ယော်တောင် မျက်ခုံးလေးနဲ့
ဖြောင့်စင်းနှာတံ သွယ်လျဟန်ဖြင့်
မိုနာလီဇာ အရူံးပေးမဲ့ အပြုံးလေးနဲ့
ရီရင်လည်းဖွေး သထက်လေးမို့
အလှမှာ အယဉ်ဆင့်ပါတဲ့
ဂုဏ်တင့်တဲ့သူ မောင့် ချစ်သူပေါ့ .....

တော်ဝင်သောနန်း မြဉ္ဇူပန်းမို့
ပြိုင်ဘက်တုကင်း လှယမင်းကို
မြင်သူတိုင်းငေ မောင် လည်းဆွေးတော့
ရွှေရင်မှာ တစ်ကယ်မအေးပေမယ့်
ဘဝတစ်သက်တာ အရေးပေမို့
ခဏတာ ဝေးကြအရေးကိုဖြင့်
မောင် အားငယ်သလားပါလို့
နူတ်တစ်ရာ စာစကားလုံးနဲ့
အလှမ်းမဝေးတဲ့ မန္တလေးက
စိတ်ချင်းနီးသူ မောင့် ချစ်သူကို
အသဲနစ်အောင်ပဲ ချစ်တယ်ကွယ် ......

No comments:

Post a Comment