ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 1, 2014

ပန်းလေးတစ်ပွင့်


**************
ထို ပန်းကိုမှ ကျွန်တော် မင်
ထို ပန်းကိုမှ ကျွန်တော် ပျိုး
မေတ္တာတွေ စုံကာပွင့်လေမှ
ခရေးပန်းလို လေသရမ်းယုံနဲ့
ကြွေကာလေ နွမ်းရက်လေသလား .....

သစ္စာ ကို ကျွန်တော် မင်
မေတ္တာ ကို ကျွန်တော် မက်
ချစ်အဟုန် ပေါ်ကာဖူးခါမှ
အလွမ်းပြေ တေးတစ်ပုဒ်ရယ်နဲ့
ဝေဒနာတွေ ပေးရက်ခဲ့လေသလား .....

မမျှော်ရဲတော့ပါဘု
ကို လိုလူ မျက်နှာမွဲရယ်မို့
ကြွေ ချင်ရာ ကြွေ လွင့် ချင်ရာ လွင့်
သူ့ ထိုက်နဲ့ သူ့ ကံပေါ့
သူ တန်တာ သူ ရချည်ရဲ့လို့
ဦးယျာဉ်မှုး ကျွန်တော်မျိုးက
ရင်ထိတ်လျှက်ပါ တကား .....

No comments:

Post a Comment