
ကျွန် တော်
------------
အားပေးသူတွေ မရှိပေမယ့်
ကိုယ့် အထာနဲ့ ကိုယ်
ကဗျာတွေသီလာခဲ့တာ
ဘယ်သူကိုမှ မယုတ်မာခဲ့ဘူး ။
နာမ်စားတွေ အမျိုးမျိုးသုံးလို့
ကျုပ် ကိုမျက်နှာများလှချည်ရဲ့
အလွမ်းကဗျာတွေ အမျိုးမျိုးရေးလို့
ကျုပ် ကိုအသဲကွဲနေလှချည်ရဲ့
မ ဟုတ် ပါ ဘူး လေ
ပုဆိုးကတော့ ပြဲ နေတာပါပဲဗျာ
ကျူပ် ကတော့ဖြင့် အိတ်ပေါက်နဲ့
ဖား ကတော့ကောက်နေဆဲပါ ။
မာယာတွေ နဲ့ အကာတွေရယ်က
အသွေးကိုလိုလို့ အသားတောင်းတာလား
မေတ္တာတွေ ငတ်လို့ သစ္စာတွေ ပျက်ခဲ့တာလား
ကျူပ် သေသေခြာခြာ မသိပေမယ့်
သူတို့ သူတို့တွေအားလုံးက
အကြောသေ မျက်နှာထားတွေနဲ့
လူ ကို ခလုပ်တိုက်တိုက်သွားကြတာ
ဒီတစ်ခါနောက်ဆုံးအကြိမ်ဖြစ်
အသိဥာဏ်ရှိတဲ့ လူသားမို့
မေတ္တာ တွေ မယိုဘူး
သစ္စာ တွေ မပြိုဘူး
မျက်စိတွေကို အသာပိတ်ရင်း
အသိတွေနဲ့ အသက်ရှုတက်လာတယ်
လင်္ကာ ရသ ရတု ရကန် လေးချိုး ဒွေးချိုးတွေ
ဘာမဆိုအကုန်တက်လို့မဟုတ်ရပါ
သစ္စာတွေမွဲနေတဲ့ ခေတ်ပျက်ကြီးထဲမှာ
မျက်ရည်အစစ်တွေ ခဏခဏကြွေကြနေရတာ
လောကကြီးရဲ့ ကံတရားအတိုင်းဆို
သေခြာတယ် ကျုပ် အလှည့်
တစ်နေ့တော့ ရောက်လာအုံးမှာပဲ ။ ။
No comments:
Post a Comment