ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ရင်ကွဲနာ (၃)

ရင်ကွဲနာ (၃)
------------

ရင်မှအချစ်
ဖြတ်သန်းစီးဆဲ ၊ နွမ်း၍ဖြာကျ
လောကမာယာ ၊ စုတ်ယူလှမ်းကောက်
အချစ်ပျောက်၏ ။

အချစ်ပန်းငုံ
ပွင့်မည့်ဆဲဆဲ ၊ သူ့ လက်ထဲမှာ
မာယာလေကြမ်း ၊ လှုပ်ယမ်းခြွေချ
ချစ်ကြွေကျ၏ ။

သံယောဇဉ် ဆိုတဲ့ အချစ်
သမုဒယ ဆိုတဲ့ အမြစ်
ရာသီတစ်ပတ် ၊ ပတ်နှောင်းပွေလီ
ရှိနေသော်လည်း
သူ လည်း မနူတ် ၊ ငါ လည်း မနူတ်
လွမ်းသမုဒ္ဒရာ ဝဲမှာမှ
ဩော်
စမ်း မဟုတ်ရပါပဲ
အစဉ်မြဲနေ ၊ သခင်ခွဲစေ
မောင့် အချစ်တော့ သေ ။


No comments:

Post a Comment