ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 8, 2014

ကိုယ်ကချစ်ပြီး ကိုယ့်ကိုချစ်သူသာရပါစေ


ကိုယ်ကချစ်ပြီး ကိုယ့်ကိုချစ်သူသာရပါစေ
--------------------------------------

လမ်းခွဲတာ ဝမ်းနည်းစရာ 
....................... မဟုတ်ပါဘူးလေ


လမ်းလွဲတာတော့ နင့်အတွက်
။။။။။။။။။။။။။။။။ စိတ်တော့မကောင်းဘူး

အေးဆေးတည်ငြိမ်စွာဖြင့်
ငါ့ အနာဂတ် မနက်ဖန်များစွာကို
အားသစ်တွေနဲ့ ဖြတ်ကျော်နေမယ်

မြတ်ဘုရားမှာ ပန်း ဆီမီး ရေချမ်းတွေ
အကြိမ် ကြိမ် ကပ်လှူရင်းလည်း
ဆုတွေကို အခါခါ တောင်းနေမိတယ်

ကံကြမ္မာ ထုံမွှေလို့
အော် သံသရာ ဘုံတစ်ကွေ့မှာပေါ့
နင့် တို့လို
သစ္စာမရှိ ယုတ်မာကောက်ကျစ်သော
မိန်းမပျက်လို မိန်းမတွေနဲ့လည်း
ဘဝ ဆက်တိုင်း ဘဝဆက်တိုင်း
မတွေ့ကြုံ မတွေ့စုံရပါစေနဲ့လိုပေါ့
ငါ က အရမ်းချစ်ပြီး
ငါ အပေါ်အရမ်းချစ်တဲ့
သစ္စာရှိသော ချစ်သူမျိုးသာ
ရပါစေလို့လေ ။ ။

No comments:

Post a Comment