ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ဆုတောင်းခွင့်လေး ပြည့်ပါရစေ


ဆုတောင်းခွင့်လေး ပြည့်ပါရစေ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ဇူလိုင်မိုးတွေက တဖွဲဖွဲကြလို့ 
မျက်ရည်တွေက တဝေဝေနဲ့
၁၃.၂.၂၀၁၄ ဆိုရင်ဖြင့် (၉၉)နှစ်ပြည့်ခဲ့ပြီ အဖေ ....

အနောက်တိုင်းက နေမဝင် အင်ပါယာလို့
ကြွေးကြော်ထားတဲ့ သူတို့တွေကိုလည်း
အောင်ဆန်း ဆိုသော လက်တစ်ထောက်က
ဒူးထောက်ခါ မှောက်သွားအောင် လုပ်ပြခဲ့တယ် ....

ကရင်၊ကယား၊ကရင်၊ချင်း
ဗမာ၊မွန်၊ရခိုင်၊ရှမ်း သူတို့သူတို့တွေကို အစပြုလို့
၁၃၅ မျိုးသော တိုင်းရင်းသားတွေကိုလည်း
ငါတို့ ပြည်ထောင်စုရယ်မို့ အဖေက
ညီအောင်လည်း စုပြသွားခဲ့တယ် ....

ဘယ်လိုပင် အတိတ်သမိုင်းဖျောက်ပေမယ့်
တစ်စိတ် တစ်ပိုင်းတောင် ပျောက်မသွားတာက
သန်း(၆၀)အားလုံးရဲ့ ရင်ထဲကပါ အဖေ .....

မြင်ကြည့်စမ်းပါ အဖေ ထကြည့်စမ်းပါ အဖေ
တထီးတနန်း စည်းကမ်းနဲ့ နေလာတဲ့ မြန်မာ
သခင်စိတ်ပျောက်ခါနဲ့ ကျွန်စိတ်တွေပေါက်နေကြတယ် အဖေ ....

အဖေက ပဲပြုတ်နဲ့ နံပြား စားလို့
ဆိုင် တကာမှာ ထမင်း အကြွေးစားရင်း
တို့ ပြည်
တို့ မြေ
တို့ ရေ လို့ ကြွေးကြော်ခဲ့ပေမယ့်
တရုတ် ပြည်
တရုတ် ရေ
တရုတ် မြေ ဖြစ်တော့မယ် အဖေ .....

အဖေ ရေ
သားတို့တွေ မြစ်ဆုံမှာ အချစ်ဆုံပါရစေ
မန်းလေးကိုလည်း တရုတ်ဘေးမှ ဝေပါရစေ
ကြေးနီတောင်လည်း အပြေးကြည်ပါရစေ
ရှမ်းရိုးမလည်း အိုးစည်သံတွေ ကြားပါရစေ
ပြည်တွင်းစစ်လည်း ဂီတသံလို ကြားပါရစေ
ကလေးတွေလည်း သမိုင်းအမှန်ကို သိပါရစေ
ရခိုင်ပြည်လည်း ငြိမ်းချမ်းပါရစေ
အဖေ အသက်ပေးသွားတဲ့ တိုင်းပြည်
သူတို့တွေ စည်းကမ်းဖောက်လို့
ထီးနန်းတွေ မပျောက်ပါရစေနဲ့ 

ဆန်စားမကြီး $ နွားကြီးတွေက
အဖေချစ်တဲ့ ပြည်သူတွေကို
ထမင်း တနှပ် လျှော့စားပါတဲ့ 
အဖေသာဆို အဖေသာ အငတ်ခံမယ့်စိတ်
ပြောမဆုံးပေါင် တောသုံးထောင်ပါအဖေရယ် ....

အဖေ့ ကို လွမ်းရင် အဖေ့ မွေးနေ့မှာ
သားတိုင်တည် ဆုတောင်းနေမိတာက
သားတို့ သားတို့ အာလုံး
အဖေ့ပုံလေးနဲ့ ပိုက်ဆံလေးတွေ မြင်တွေပါရစေလား 
ကျွန်တော်တို့ အားလုံးရဲ့ အဖေ ရယ် ။ ။

No comments:

Post a Comment