**********

သံသရာရယ် နယ်တစ်ကွေ့မှာဖြင့်
အဖန်ကမ္ဘာဝယ် မဆုံတွေ့ပါရစေနဲ့လား
ချစ်သော ငယ် ....
ဩော်
ကံကြမ္မာနယ် ထုံမွှေပေသမို့
တို့နှစ်ကိုယ် ဆုံတွေ့ကြတယ်ပေါ့
ချစ်သော ငယ် ....
ရေမြေတွေ စည်းကာ ခြားပေမယ့်
ရင်လွှာတွေ နီးတာပဲလို့
ထင်မိသူ မောင့်ရင်တွင်းကိုဖြင့်
ပစ်ခဲ့သည့် မြှားဒဏ်ရာ
သေရာပါ ဝေဒနာစလေးတွေပဲ
အချစ်ရယ်
တိမ်း ရက် တယ် ကွယ် ....
ပြန်တွေးရင်
သံယောဇဉ် ခြေရာလေးတွေက
နစ် သထက်သာ နစ် တွေနဲ့
ချစ် သထက်သာ ချစ်တွေပဲမို့
သည်ရင်မယ် တဆစ်ဆစ်ပါပဲ
အချစ်ရယ်
မောင် ရူး ပြီ ကွယ် .....
No comments:
Post a Comment