ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

ဦးညွှတ်လျက်ပါ ရွှေမလေးများ



ဦးညွှတ်လျက်ပါ ရွှေမလေးများ
-------------------------------
တို့ရေ တို့မြေ မှာဖြင့်
သန်း၆၀ ပေါင်းစုအားတွေနဲ့
ကြီးမှုးခါ ကျင်းပနေတာက
၂၇ကြိမ်မြောက် see games ....

တို့မျက်ရည်တွေ ခြွေခါယူရင်း
သင်းတို့တစ်တွေ ပျော်နေကြမလား
ကမ္ဘာအလယ်မှာ မြန်မာဟေ့ရယ်လို့
ဂုဏ်ယူစွာ ဝင့်ကြွားချင်ပေမယ့်
ယုတ်မာတဲ့ ဒိုင်စုတ်တွေကြောင့်
လူဆိုးလို့တောင် မျက်နှာငယ်ရတာပ ....

ဟင်း .........................
သေခြာစွာ တွေးကြည့်တော့မှ
တို့မြန်မာ ဘယ်မှရှုံးလို့တုန်း
ရာဇဝင်မှာ စာမတင်ချင်ပေမယ့်
ပမာတင်ခါ ပြောလို့ပြမယ်
ကမ္ဘာအလယ်မှာ မြန်မာဆိုတာ
ရှား မှ ရှားတဲ့ အာဃ မျိုးနော်
ကျွန်အဖြစ်တော့ မခံလို
သခင်အဖြစ် စံရအောင်ပ
လမ်းပြလို့ ဖော်ဆောင်သွားတာက
တို့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ကဲ ခင်ဗျားတို့ ကမ္ဘာကြီး ဦးညွှတ်ဖူးပါရဲ့ ....

ကမ္ဘာအလယ်မှာ ကျုပ်တို့တွေ
ဘယ်မျက်နှာ ငယ်လို့တုန်း
ကုလမှာ ယုယစွာနဲ့
စာနာစွာ ဖေးကူခဲ့သူက
ကျုပ်တို့တစ်မျိုးသားလုံးရဲ
ထာဝရ ဦးသန့်
ကဲ ထပ်ဦးညွှတ်လိုက်အုံး ကမ္ဘာကြီး ရေ ....

ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့
ခင်ဗျားတို့တွေ နှိမ်ကြအုံးမလား
ကမ္ဘာမှာ ရှာ မှ ရှားတဲ့
နိုဗလ်ဆုရှင် ဆိုတာကလည်း
တစ်တိုင်းပြည်လုံးရဲ့ အမေစု ....

အဲလို အဲလို စိတ်ဓါတ်တွေနဲ့မှ
ဂုဏ်ယူစွာ ဝင်ကြွားအောင်လို့
ညစ်ခြင်သလို ညစ် စမ်းပါနော်
ရဲရဲတောက် တို့ဇာမဏီမလေးတွေက
အရိုးကျေကျေ အရည်ခမ်းခမ်း
ဖြူစင်စွာ စိတ်ဓါတ်အားတွေနဲ့
မြန်မာ မြန်မာ ဟေ့ရယ်လို့
ပုခက်လွှဲသော ရွှေမလေးတွေက
ကမ္ဘာသိအောင် အမောက်ထောင်ခဲ့ပြီ ....

ကြည့်စမ်းပါဗျာ ဆပ်ဘလ္လတာရယ်
ခင်ဗျာမွေးထုတ် ဟိုဒိုင်းစုတ်တွေ
ကျုပ်တို့ကျွေးတာ စား ကျုပ်တို့ပေးတာ သောက်
ဆန်ကောလောက်မှ ဇောက်မနက်တော့
ဖားစရာမလိုပါဘူးဗျာ မှန်ကန်ရင်ရပါပြီ
ခုတော့ဗျာ မရွှင်အသည်းတွေနာပါဘိ
ခိုက်လို့တုန်ချမ်း ဒီဇင်ဘာဆောင်းညချမ်းမှ
တို့ပြည်သူ သန်း၆၀ဆယ်မှာဖြင့်
ပူ ပူ တယ်နော် အပူမီးတွေနဲ့
စားလို့မဝင် အိပ်လို့မပျော်ဘူးဗျာ ....

လူရှုံးခြင် ရှုံးမယ် နော်
စိတ်ဓါတ်တွေ ဘယ်ခါမရှုံးပေဘု
ကြွေကြတယ် သူတို့မျက်ရည်စတွေက
ဇူလိုင်နှယ် မိုးသို့ဖြိုင်တယ်
ကဲ ကမ္ဘာကြီးရေ
ထပ်ပြီးတော့ ဦးညွတ်လိုက်ကွယ် ...

No comments:

Post a Comment