ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ရင်ကွဲနာ (၁၀)


ရင်ကွဲနာ (၁၀)
•••••••••••••
ဆုံးကမ္ဘာ တစ်လျှောက်အထိ
အမုန်းရေတွေ မသောက်ပဲ
မေတ္တာတွေနဲ့ ရင်ဖွင့်အုံးမယ် ¥

နာကျင်မူ့တွေ အကုန်လုံးကိုလည်း
သစ္စာတွေနဲ့ စာသီအုံးမယ် ®

တစ်ကယ်တော့
အလျား အနံ မရှိပေမယ့်
အသွား အပြန်ရှိတဲ့ မေတ္တာတွေ
သက်ရောက်မူ့တွေတိုင်းမှာ
တန်ပြန်မူ့တွေ ရှိတယ် ဆိုတဲ့
နယူတန်ရဲ့ နိယာမတွေ
အားလုံး အာလုံး ဟာတော့
ပိုချစ်မိသူ ငါ့ အတွက်က
ရှူံးပြီးသား မဟုတ်လား ကွယ် &

ရင်ကို ရင်ခြင်း ရင်းလို့
နှလုံးသားရဲ့ လွန်ဆွဲပွဲမှာ
သစ္စာမရှိသူတစ်ယောက်ရဲ့ အဆုံးအဖြတ်ကို
ငါ ထပ်ပြီး မမျှော်လင့်တော့ပါဘူး %

ရှိပါစေတော့
ငါ့ ကိုယ်မချစ်တဲ့ ငါ့ ချစ်သူရယ်
ကာလဆိုတဲ့ ငါ့ဘဝအချစ်ပင်ကြီးမှာ
အရိပ်တွေမလို အဖူးတွေလည်း
မလို မလိုတော့ပါဘူးလေ
ပေးခဲ့ဖူးတဲ့ အနမ်းတစ်ပွင့်ကြောင့်
အငိုလွယ် အရိုက်ခက်စေမယ့်
အဆုံးအဖြတ်တွေပဲ လိုတော့တယ်
အရှုံးအမြတ်တွေအတွက် 
ငါ့ အနာဂတ်တွေ လှပစေဖို့
အဆုံးသာ သတ်ခဲ့ပါတော့ ချစ်သူရယ် ။ ။

No comments:

Post a Comment