ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

သခင့် သဘောပါ


သခင့် သဘောပါ
-----------------
လာပါ လာပါ သခင် .....
ဒီ အရိပ်မှာ ခို ပါ

လာပါ လာပါ သခင် .....
ဒီ အပင် နား ပါ

ယူပါ ယူပါ သခင် ...
ကျွန်တော် အရွက် တွေ

ဖြတ်ပါ ဖြတ်ပါ သခင် ...
ကျွန်တော် အကိုင်း တွေ

တော်ပြီလား သခင်
အရိပ်ဝေ အခက်မချိုးပါဘူးဗျာ
မေတ္တာစေ ကျွန်တော်မျိုးရယ်မို့
သခင် 
ဖြတ် လိုက ဖြတ်
နူတ် လိုက နူတ်
လှဲ လိုက လှဲ
သခင် ပျိုး လို့ ရှင်
သခင် ပေါင်း လို့ ကောင်း
မချစ်ခင် အပြစ်တင်ရရင်လည်း
ကျွန်တော်မျိုးက သစ်စေ့မျိုးမို့
သခင် ရယ်
စိတ်ကြိုက်သာ ခွင်း .. 

No comments:

Post a Comment