ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

နှောင်းကံက နည်း



နှောင်းကံက နည်း
+++++++++

နွေ အ ကြို
သည် ဆောင်းမှာဖြင့်
ခ ရေ ဖူး တွေ က
တစ် မြိုင် မြိုင်
ဟော 
ပွင့် ခက် တို့ လှိုင် ....

ရနံ့ တွေ ရယ်
ကြိုင်လို့ သင်း
ရှင်းသန့်မွှေးတဲ့
သူ့ အဆင်း ...

ကြိုးနဲ့သီ ခရေကုံးကိုပ
ပန်စေချင် ကေသာထက်မှာ
ရည်စူးခါ သူ့အတွက်လို့
အပြေးလှမ်းခါ လာခဲ့တယ် ....

ပန်စေချင် ခရေကုံးပေမယ့်
သူ့ကေသာ ဆံနွယ်ဘေးမှာ
နန်းမြင့်ဝင် ပန်းသဇင်က
လှောင်လို့ရယ် ကြိုခဲ့တယ် ...

ဖြေမစည် ခွေယိုင်လှဲပါပေါ့
ချစ်မိသူ အသဲကြွေးပြုန်းလို့
မောင်လိုလူ မျက်နှာမွဲရယ်က
ဩော်
  နှောင်း ကံ က နည်း ....

No comments:

Post a Comment