++++++++++++

ငါ မှတ်မိသေးတယ် ဝါ
မဖိတ်ခေါ်ခဲ့ရပါပဲ
အိပ်နေတဲ့ ငါ့ နှလုံးသားကို
နင် နိုး ထပေးစေဖို့
မာယာတွေနဲ့ ဝင်လာတဲ့ ညတစ်ညကိုပေါ့ ။
ငါ မှတ်မိသေးတယ် ဝါ
ဖိတ်ဖိတ်စင်နေတဲ့ နင့်အပြုံးတွေက
စပျစ်ချို ဝိုင်တစ်ခွက်လိုပဲ
သောက်လေ သောက်လေ ငတ်မပြေနဲ့
ငါ့ နင့် မာယာနွံ့ထဲမှာ ရုန်းမထွက်နိင်တုန်းကိုပေါ့
ငါ မှတ်မိသေးတယ် ဝါ
သစ္စာတွေမွဲ မေတ္တာတွေနည်းသော
ခေတ်ကာလ ပြက္ခဒိန်ကြီးမှာ
တစ်ရွက်ခြွေ တစ်ရွက်ကြွေနဲ့
ငါ့ အချစ်တွေကို တစ်ဖြေးဖြေးစားသုံးသွားသော
နေ့ တစ်နေ့ကို ပေါ့ ။
မိမိ ဝါ ရေ
ငါ့ အချစ်က မခန်းခြောက်တက်တဲ့ ပင်လယ်ပါ
နှလုံးသားကသွေးတွေက အချစ်ဆိုတဲ့ စိမ့် စမ်းတွေပေါ့
မေတ္တာဟာ အလျား အနံ့ မရှိပေမယ့်
အသွားအပြန်ရှိမှာပဲလို့
မှတ်ထင်ထားသူတစ်ယောက်ကတော့
ဆုတ်လည်းစူး စားလည်းရူး
နေ ကလည်း မြင့် အရူး က ရင့်နဲ့
ခုချိန်ထိ လွမ်းကောင်းစဲပဲ လေ ။ ။
No comments:
Post a Comment