ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

မျက်ရည်မကျနဲ့ ညီမလေးတို့ရယ်



မျက်ရည်မကျနဲ့ ညီမလေးတို့ရယ်
----------------------------------

မျက်ရည်တွေ မကျစမ်းနဲ့
ညီမလေးတို့ ရယ် ...

ရင်ဝေဒနာ အပူမီးတွေက
ညီမတို့တစ်တွေနဲ့ မခြား
တို့ပြည်သူ သန်း၆၀ မှာလည်း
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ဆောင်းမှာ
နွေတစ်ရာ ပူလောင်သလို့ပ
ထပ်တူပါ ညီမလေးတို့ရယ် .....

ပီတီဆိုတာတွေကိုမှ
ညီမ တို့တစ်တွေ
ယူပြပြီးခဲ့ပါပြီ လေ
ကိုယ်မြေ ကိုယ်ရေမှာမို့
တို့တစ်တွေတော့ အသာရမှာပဲရယ်လို့
စိတ်ကလေးတော့ ယှဉ်မိသား
ထင်မိတာ မှားပါပေါ့
ဒိုင်းစုတ်တွေ မွှေပုံတစ်မျိုး
ပတ်စောင်ဝှာ အရူးကတစ်သွယ်နဲ့
သန်း၆၀ ပေါင်းစုအားမှလည်း
ဘုရား ဘုရား ရယ်ကွယ်လို့
ပဒဒေဝမီးတွေများ
တောက်လောင်လိုက်ပါတကား
see game ရယ် ....

ညီမလေးတို့ ရေ
ပျက်ကြွေခါ ကြွေလွင့်မသွားနဲ့
အခက်ဝေအောင် တို့တွေအားပေးအုံးမယ်
နှလုံးသားမှာလည်း မြန်မာ
အသွေးသားမှာလည်း မြန်မာ
ငါ့တို့အားလုံးဟာ မြန်မာ မြန်မာ ...

No comments:

Post a Comment