ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

စံပါယ် နှင့်တူသော ချစ်သူသို့



စံပါယ် နှင့်တူသော ချစ်သူသို့
********************

* ပန်းစံပါယ်က တော့
နန်းအလယ်မှာ ဖြင့်

မဝင့်ထည့်ခဲ့ပါဘူးလေ *

* ဒါပေမယ့်
ပန်းစံပါယ်က ဂွမ်းနှယ်ဖြူတယ်
အဆင်းလှတယ် ရနံ့သင်းတယ်
ပိုးသားလို နူးညံ့ပျော့ပြောင်းပေမယ့်
ပန်းခရေလို လေသရမ်းရုံနဲ့
အညှာလွယ် ကြွေတဲ့ပန်းတော့ မဟုတ်ဘူးပေါ့ *

* လေရူးပွေပွေ လေပြေကြမ်းကြမ်း
ဝေ့ကာရမ်းလည်း ကြွေခါမလမ်းပဲ
သူ့အပင် သူ့အကိုင်း သူ့အညှာတွေနဲ့
ဖြူစင်မှူကို အခြေတည်
သင်းပျံ့မွှေးတဲ့ ပန်းကလေးပေါ့ *

* နှင်းဆီလိုလည်း မာန်ဂုဏ်မမြင့်
စူးမြမြတွေနဲ့ရယ်မှ
ဩော်
အခူးတစ်ကယ် မခက်ပေမယ့်
သူ့ အညှာ သူ တွယ်
သူ့ မြေ မှာ သူ ပွင့်
သူ့ နယ် သူ ချစ်တဲ့ သစ္စာပန်းလေးပေါ့ *

* စံပါယ်လို ဖွေးတဲ့ ချစ်သူရေ
နေရောင် ပြင်းလည်း စံပါယ် မနွမ်းသလို
လေတွေ ကြမ်းလည်း စံပါယ် မကြွေပါဘူး
လေ အဝှေ့မှာ ရနံ့သင်း ...... မြေပြင်မှာ အညှာခိုင်
ထိကိုင်မိယုံနဲ့မှ သတိယိုင် အညှာကျိုးရင်
ပန်းစံပါယ်မျိုး မဟုတ်ဘူးဆိုလေတော့
အနမ်းခံ ပန်းအမယ်မယ် ကြားမှာ
အနင်းခံပန်း မဖြစ်ရလေအောင်
စံပါယ်ရေ *****
ယုယသူ ဥယျာဉ်မှုး မောင့်လက်မှာဖြင့်
တော်သလိုသာ ဖူး သင့်သလို ပွင့်
ပျော်သလို မြန်း မြန်းလိုက်ပါတော့ ချစ်သူရယ် ။ ။

No comments:

Post a Comment