
လမင်းတောင် ရှုံး
=========
မှတ်မိအုံးမလား ခင်
ခရေ ပင်လမ်း
တို့နှစ်ဦး လျှောက်ရင်း
ထီးကလေး တစ်ချောင်း
နှစ်ယောက် ဆောင်းလို့
ခရေဖူး ခြောက်
ပြုံးလို့ ကောက်တုန်းကိုပေါ့ ။ ။
ပန်းခြင်တယ် မောင်
ခရေကုံး ဆိုတော့
ကြိုး နှင့် သီ ခရေပန်းကို
ခင့်ကေသာ ဆံနွယ်ဘေးမှာ
မောင်ကိုယ်တိုင် ဆင်မြန်းပးတော့
ချစ်တဲ့သူ ပြုံးရောင်သန်းပုံက
ဖိုးရွှေလတောင် ရှုံး ....
No comments:
Post a Comment