လူ့ ဘဝ
--------
--------

သြော်
လူ့ဘဝ ဆိုတာကလေ
သမုဒယ သံယောဇဉ်ရဲ့
စ ခြင်စရာ လောကပဲမို့
ဝင်လာမစဲ အမှန်မြဲနှင့်
လောက ဓမ္မတာ ကြီးရယ်မှ
ခန္ဓာကိုယ် နာမ်ရုပ်တွေဖြင့်
ဟန် လုပ်ခါ နေကြပေမယ့်
သေရမဲ့ အသိတရားကိုတော့
မေ့နေကြသော မရဏရဲ့
သားကောင်များပါ တကား ...... ။
သြော်
အသက်ရှင်စဉ် ပြုံးပျော်ရွှင်ရင်း
ချစ်ခင်ယုယ ထိုသမုဒယက
သားရယ် သမီးနဲ့ ဇနီးမကျန်
ချစ်မေတ္တာ သင်္ခါရတွေ ဖြင့်
မခွဲ နိင်လေ မခွာရက်တွေနဲ့
ဒေါသရယ် ဖုံး မောဟရယ် ကွယ်
သောကနယ် ဗျာပဒါ တွေနဲ့
ပဒဒေဝ မီးတောက်တွေ
ကြီးဆိုးစွာ ရှိနေပါ တကား ..... ။
(ချစ်ရသူလှိုင်မင်း)
ဖြစ်ပြန်ပျက်ပြန် လောကဓံက
ရှောင်လွှဲကာ မရလေခြင်းမို့
အစဉ်အသိက ရင်ဝယ် ရှိလေမှ
ဇာတိ ဇရဏ ဗျာတိ မရဏကို
တရားအသိနဲ့ မြင်လိမ့်မယ် ။ ။
No comments:
Post a Comment